မိုးညှင်းမြို့နဲ့ ထန်းတပင်ကျေးရွာကြားရှိ လမ်းကို စစ်ကောင်စီတပ်ဖွဲ့များဖြတ်သန်းခွင့်ပိတ်ထား 

ဇန်နဝါရီ ၁၇ ၊ မိုးညှင်း 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နဲ့  ကပ်လျက်တည်ရှိတဲ့ ထန်းတပင်ကျေးရွာမှ    မြို့အဝင်လမ်းများကို   ဇန်နဝါရီလ(၁၁)ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့များက ဖြတ်သန်းခွင့်ပိတ်ထားတယ်လို့ မိုးညှင်းဒေသခံများထံမှ သိရပါတယ်။

လမ်းတွေဖြတ်ပိတ်ထားလိုက်တာလေ ကားတွေဘာတွေလွယ်လွယ်ကူကူ ဝင်လို့ထွက်လို့မရအောင်ထင်တယ် တောဘက်(KIA+PDF)တွေက ထန်းတပင်ရွာဘက်ကနေ မိုးညှင်းတက္ကသိုလ်ကို ဒရုန်းတွေနဲ့လာလာပစ်တာလေ ပြီးရင်ထန်းတပင်ရွာဘက် ပြေးဝင်ကြတာများတယ်လေ ဒါကြောင့် ဗမာစစ်တပ်က လမ်းတွေပိတ်ပစ်တာနေမှာ” ဟု မိုးညှင်းမြို့ခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

ယခုလ ဇန်နဝါရီလ(၃)ရက်နေ့က ထန်းတပင်ကျေးရွာအနီးရှိ မိုးညှင်းတက္ကသိုလ်ဝင်းအတွင်းက အမျိုးသမီးကျောင်းသူအဆောင်တစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီးနောက် အခုလိုမြို့အဝင်လမ်းပိတ်ပင်လိုက်တာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင်  ဖြတ်သန်းခွင့်ပိတ်ထားရုံမက ထန်းတပင်ကျေးရွာရှိ ကျေးရွာသူ/သားများကိုလည်း ရှောင်တိမ်းမှုများပြုလုပ်ဖို့အတွက် ကောလဟာလ သတင်းများထွက်ပေါ်နေတယ်လို့ သိရပါတယ်။ 

ပြီးရင် မနက်ဖြန်နောက်ဆုံးဆိုလား ထန်းတပင်ကျေးရွာသူ/သားတွေကိုတောင် အိမ်စောင့်တွေပဲချန်ပြီး ရွာထဲကနေထွက်ခိုင်းနေတာ စစ်တပ်ဘက်က” လို့ သူကဆက်ပြောပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထန်းတပင်ကျေးရွာနဲ့  မိုင်အနည်းငယ်အကွာမှာ စခန်းချနေထိုင်နေကြတာဖြစ်ပြီး မိုးညှင်းတက္ကသိုလ်အတွင်းရှိ ကင်းချထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို မကြာခဏတိုက်ခိုက်မှုများပြုလုပ်နေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *