မိုးညှင်းမြို့ပေါ် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အင်အားပြ

အောက်တိုဘာ ၂၉—၂၀၂၄၊ မိုးညှင်း

ရှမ်းနီအမျိုးသားများတပ်မတော် SNA သည် အောက်တိုဘာလ ၂၈ ရက်နေ့က မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ပေါ်တွင် စစ်ကြောင်းချီတက် အင်အားပြခဲ့ကြောင်းသိရပါတယ်။

မိုးညှင်းမြို့ပေါ်သို့ SNA တပ်များ ချီတက်အင်အားပြခြင်းဟာ မှန်ကန်ကြောင်း SNA တာဝန်ရှိသူတစ်ဦးမှ ရှမ်းနီအသံကို အတည်ပြုနိုင်ကြောင်းပြောဆိုပါတယ်။

မိမိနယ်မြေ မိမိဒေသ၊ မိမိတိုရှမ်းနီ အမျိုးသားများ၊ မိမိတိုလူမျိုးများရဲ့ မူလနေရာတွေကို အခုလို ရောက်ရှိပြီးဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ပိုမိုဆောင်ရွက်နိုင်လိမ့်မယ်လို ယုံကြည်ပါတယ်။  ယခုထက်ပိုမိုပြီး(SNA)ရဲ့အခန်းကဏ္ဍကိုမြှင့်တင်နိုင်ဖို ရှမ်းနီ ဒေသတွင်းပြည်သူလူထုများက လက်တွဲ ပူးပေါင်းပါဝင်နိုင်ကြဖို များစွာလိုအပ်ပါတယ်။ ”လို့  SNA တာဝန်ရှိသူတစ်ဦးမှ ရှမ်းနီအသံကို ပြောပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် SNA ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့မှာ ၃၅ နှစ်ပြည့် (ကျောက်စိမ်းရတု) ခဲ့ပြီဖြစ် ပြီး လက်ရှိမှာ ရှမ်းနီဒေသအနှံ့အပြားမှာ ရှမ်းနီလူထုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီလို့ ထုတ်ပြောထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *