
ဇွန် ၂၇
မိုးညှင်းမြို့ ဗောဓိကုန်းကျေးရွာရှိ နေအိမ်တစ်ခုကို ဇွန်လ ၂၇ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်အချိန်မှာ ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗောဓိကုန်းကျေးရွာနေ ဒေါ်စန်းဝေသည် နေအိမ်တွင်တစ်ယောက်တည်းရှိနေချိန် သူဝတ်ဆင်ထားတဲ့ ရွှေသုံးကျပ်သားကို လူငယ်တစ်စုက ဓားပြတိုက်သွားတာလည်းဖြစ်ပါတယ်။
“ မနက်၁၀နာရီခွဲ၁၁နာရီဝန်းကျင်လောက်မှာဗောဓိကုန်းထဲကအိမ်တစ်အိမ်ဓားပြတိုက်ခံရတာ။အဲ့အိမ်မှာလည်းဘယ်သူမှမရှိဘူးအဖွားကြီးတစ်ယောက်ပဲရှိတာလူသုံးယောက်တဲ့အရပ်အရှည်ကြီးတွေနဲ့ Mask လည်းတပ်ထားတယ်။ဓားထောက်ပြရွှေသုံးကျပ်သားဓားပြတိုက်သွားတာ” လို့ဖြစ်စဉ်ကိုသိတဲ့ဒေသခံတစ်ဦးကပြောပြပါတယ်။
မိုးညှင်းမြို့မှာ တစ်ပတ်ကျော်အတွင်း ဓားပြတိုက်မှုနှစ်ခု ဖြစ်ပွားခဲ့ပြီး ပြုလုပ်သူတွေကို မသိရှိရသလို ဖမ်းဆီးနိုင်ခြင်းလည်းမရှိကြောင်း သိရပါတယ်။
လောင်းကစားဝိုင်းများတိုးများလာမှုတွေကြောင့် ဆိုင်ကယ်လုယက်မှုများလည်း မြို့နယ်အတွင်းမှာ မကြာခဏဖြစ်ပေါ်နေတယ်လို့ မိုးညှင်းဒေသခံတွေက ပြောဆိုနေကြပါတယ်။