မိုးညှင်းမြို့မှာငွေကျပ်၁ဘီလီယံကျော်တန်ဖိုးရှိဘိန်းဖြူနှင့်မူးယစ်ဆေးဝါးတွေကိုဖမ်းဆီးမိတယ်လို့ဆို

မေ ၂၄ ၊ မိုးညှင်း 

မိုးညှင်းမြို့နယ်မှာ ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ ရဲတပ်ဖွဲ့က  မေလ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ  ပူးပေါင်းအဖွဲ့တွေက မေ ၁၆ ရက် ညနေ ၆ နာရီအချိန်က   မိုးညှင်းမြို့နယ် နန့်စီးအောင် ပူးပေါင်းဂိတ်မှာ မန္တလေးကနေ မိုးညှင်းကို ကိုသန်းဇော် မောင်းနှင်တဲ့ FUSO ၆ ဘီးကားကို ရှာဖွေခဲ့တယ်လို့ဆိုပါတယ်။ 

ရှာဖွေရာမှာ ယာဉ်ပေါ်ကနေ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၄၂ သိန်း တို့အား သိမ်းဆည်းရမိခဲ့ပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား မန္တလေးတိုင်း ဒေသကြီးမှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်တယ်ဆိုပြီး ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်က မိုးညှင်းမြို့မှာ ၅ ဘီလီယံကျပ်ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးမိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရသိရပါတယ် ။ 

အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုတွေက တိုးမြင့်လာခဲ့ပြီး မူးယစ်ဆေးဝါးတွေကလည်း အရင်ကထက် ပိုပေါများလာတယ်လို့ UNODC ရဲ့ ၂၀၂၁ ခုနှစ်အစီရင်ခံစာအရသိရပါတယ် ။ 

Leave a Reply

Your email address will not be published. Required fields are marked *