ဇွန် ၇ ၊ မိုးညှင်း
မိုးညှင်းမြို့မှာ ဒီရက်ပိုင်းအတွင်း ဓာတ်ဆီစျေးနှုန်းများ တစ်ဂါလံကို အနိမ့်ဆုံးစျေး တစ်သောင်းနှစ်ထောင်ရှိနေတယ်လို့ စျေးကွက်ထဲကနေ စုံစမ်းသိရှိရပါတယ်။
“ တစ်ပေပါစျေးက ခြောက်သိန်းမှာ တစ်သောင်းပဲလျော့တယ်။ အခုဆီစျေးတွေတက်တယ်” လို့ အိမ်ဆိုင်လက်လီရောင်းနေတဲ့ ဆိုင်ရှင်တစ်ဦးက ပြောပြပါတယ်။
မိုးညှင်းမြို့က BOC စက်သုံးဆီဆိုင်က စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့စျေးအတိုင်းရောင်းချတယ်ဆိုပေမယ့် ဒီရက်ပိုင်းမှာ စျေးနှုန်းတွေက တက်တယ်လို့ အဲ့ဆိုင်ရဲ့ မန်နေဂျာက ပြောပြပါတယ်။
“ စျေးကတက်ခဲ့တယ်။ မနေ့ကနဲ့ ဒီနေ့ 92 က လေးဆယ်တက်တယ်။ ၉၅ က ၅၅ ကျပ် ပရီမီယံက ၇၀” လို့ သူက ပြောပြပါတယ်။
စျေးကွက်ထဲမှာ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မ PPRD ရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေထက် များစွာစျေးတက်နေတာကို လေ့လာသိရပါတယ်။
BOC ဆိုင်မှာ ၉၂ တစ်လီတာကို ၂၃၅၀ ကျပ်ရှိနေပေမယ့် လက်လီဆိုင်တွေမှာ တစ်လီတာသုံးထောင်ကျပ်ရှိနေတယ်လို့ သိရပါတယ်။
လက်လီနဲ့ လက်ကားဆိုင်တချို့ရဲ့ ပြောဆိုမှုအရ ဆီကားတွေ ဝင်ရောက်မှုနည်းနေတာကြောင့် ရှိနေတဲ့ဆီတွေကို ချွေတာရောင်းနေတာလို့ ပြောဆိုကြပါတယ်။
ဆီစျေးနှုန်းမြင့်တက်လာမှုတွေကြောင့် တောင်သူတချို့ လက်ယာလုပ်ငန်းခွင်တွေအတွက် အခက်အခဲရှိနေတယ်လို့လည်း တောင်သူတွေက ပြောဆိုနေကြပါတယ်။