ကချင်ပြည်နယ် မိုးညှင်းမြို့မှ ပြည်နယ်အတွင်း နှင့် တခြားသော တိုင်းနှင့်ပြည်နယ်များကို ခရီးသည်တင်ယာဉ်လိုင်းအများစု ပြေးဆွဲခြင်းမရှိသေးကြောင်း သိရသည်။
မိုးညှင်းမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်း (၁၂ ) ခုရှိသည့်အနက် (၅) လိုင်းပြေးဆွဲလျက်ရှိ နေကြောင်း ထိုယာဉ်လိုင်းများမှ သိရသည်။
မန္တလေးမြို့နယ်သည် မေလ ၁၅ ရက်အထိခရီးသည်တင်ယာဉ်လိုင်းများ ဆိုက်ရောက်ခွင့်ကိုပိတ်ထားသည့် မြို့တစ်မြို့ဖြစ်သောကြောင့် မိုးညှင်းမှ မန္တလေးသို့ ပြေးဆွဲခြင်းမရှိသေးကြောင်းသိရသည်။
“ ခရီးသည်တွေ လိုက်ချင်ရင် နာရီပိုင်းကတော့ကြာတာပေါ့ ဟိုတုန်းကလိုတော့ မမြန်တော့ပါဘူး။ ထွက်တဲ့ အချိန်လည်းပြောင်းထားတယ် မြစ်ကြီးနားကနေ ၃နာရီထွက်တဲ့ကားက ခုဆိုရင် မနက် ၁၀နာရီထွက်တယ် ။ မိုးညှင်းကို ၁ခွဲဆိုရောက်ပြီ။ အချိန်ပြောင်းတာက စစ်ကိုင်းတိုင်းကို အချိန်မှီ ဖြတ်ရအောင်လို့ ပြောင်းတာ။ ပြန်ဖွင့်ရင်တော့ ကောင်းလည်းကောင်းပါတယ်။ မကောင်းလည်းမကောင်းဘူး။” ဟု ငွေနှင်းမန္တလာ ကားဂိတ်တာဝန်ခံက ပြောကြားသည်။
မိုးညှင်းမြို့နယ်တွင် ကုန်စည်သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများလက်ရှိအချိန်ထိပြေးဆွဲလျက်ရှိနေသေးသည်။
“ ပြန်ဖွင့်တာကတော့ မကြာသေးဘူး လိုင်းဆွဲရတာ နှစ်ခေါက်ပဲရှိသေးတယ်။ ပုံမှန်နေ့စဉ်တော့မဟုတ်ဘူး တစ်ရက်ခြားပဲ။ ကုန်စည်တတ်တတ်ဆွဲပေးရတာ။ ဒေသခံတွေလည်း အဆင်ပြေသွားအောင်လို့ လုပ်ရတာပေါ့။” ဟု မျိုးဆက်သစ်ကားဂိတ် တာဝန်ခံ ကိုထွန်းက ရှမ်းနီအသံကိုပြောကြားသည်။
မိုးညှင်းမြို့နယ်မှ ကချင်ပြည်နယ်အတွင်း နှင့် တခြားသော ဒေသများသို့ ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်ငယ်တချို့ရှိကြောင်း စုံစမ်းသိရသည်။