ဇန်နဝါရီ ၅ ၊ မိုးညှင်း
၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့မှာ မိုးညှင်းအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၆ ဦး ဇန်နဝါရီလ (၄) ရက်နေ့ မနက်ပိုင်းမှာ လွတ်မြောက်လာတယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
လွတ်မြောက်လာသူတွေထဲမှာ ရဲ CDM နှစ်ဦး အပါအဝင် စုစုပေါင်း ၆ယောက်ကို စစ်ကောင်စီက လွတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ရဲ CDM ဖြစ်တဲ့ ကိုမျိုးသီဟ၊ ကိုတင်ထွန်းအောင်၊ ၅၀၅ နဲ့ တရာစွဲဆိုခံခဲ့ရတဲ့ ကိုဇွဲသီဟ၊ ကိုမင်းသန့်ဦး၊ နန့်စီးအောင်ဂိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ တန့်ဆည်မြို့က ကိုကျော်ရဲအောင်နဲ့ စိုက်ပျိုးရေးဌာနမှ မြတ်ဇင်ဝင်း တို့ ဖြစ်တယ်လို့လည်း လွတ်မြောက်လာသူတွေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
မိုးညှင်းမြို့မှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းနဲ့ ဟိုပင်မြို့မှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးမျိုးကျော်တို့ကို မြစ်ကြီးနားအကျဉ်းထောင်မှာ တရားစွဲဆိုခံထားရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
မြန်မာတနိုင်ငံလုံးမှာ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးချုပ်နှော်ခံထားရသူ စုစုပေါင်း ၁၃၃၇၅ ဦးထိရှိပြီး ပြန်လည် လွတ်မြောက်လာသူ ၃၄၆၃ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။