မိုးညှင်း၊​မိုးကောင်းမြို့နယ်ဆန်စျေးများတရိပ်ရိပ်မြင့်တက်လာ

 ဇွန် ၁၃ ၊ မိုးညှင်း 

မိုးညှင်း ၊ မိုးကောင်းမြို့နယ်တွေအတွင်းမှာ ဆန်စျေးနှုန်းများ အခုရက်သတ္တပတ်အတွင်းမှာ တရိတ်ရိတ်မြင့်တက်လာနေတယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ 

“ ချင်းတုံး ရိုးရိုးတစ်အိတ် ခုနှစ်သောင်းနှစ်ထောင် ၊​ ရှယ်က ခုနှစ်သောင်းခွဲ ၊ ချင်းတုံးရိုးရိုးခုက တစ်ပြည်ကိုသုံးထောင် “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ ချင်းတုံးရိုးရိုးဆန်တစ်ပြည်ကို ၂၃၀၀ ကျပ်သာရှိခဲ့ရာကနေ သုံးလကျော်အတွင်း ကျပ် သုံးထောင်အထိရောက်ရှိလာပြီး ၃၀ ရာခိုင်နှုန်းမြင့်တက်လာတာလည်းဖြစ်ပါတယ်။ 

ဆန်စပါးစျေးမြင့်တက်မှုတွေဟာ ဝယ်လှောင်မှုတွေကြောင့်ဖြစ်တယ်လို့လည်း မိုးကောင်းမြို့နယ်အတွင်းက ဆန်ကုန်သည်တစ်ဦးက မှတ်ချက်ပြုပြောဆိုပါတယ်။ 

မိုးကောင်းမြို့မှာ ငွေတိုးဘေးကြား ဆန်တစ်အိတ် ခုနှစ်သောင်းခွဲ ၊ သန့်စင်ပြီးဆန် ရှစ်သောင်းကျပ်အထိ ရောင်းဝယ်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

လက်ရှိမှာ ဆန်စပါးတွေပြန်လာစိုက်ပျိုးမယ့်ရာသီရောက်ရှိလာပြီး တောင်သူတွေရဲ့ လက်ထဲမှာ စပါးမရှိသောကြောင့် ဝယ်လှောင်ထားသူတွေဆီမှသာ စပါးတွေရှိပြီး စျေးကစားမှုတွေပြုလုပ်နေတယ်လို့လည်း ကုန်သည်တွေက ဆိုကြပါတယ်။ 

မြန်မာနိုင်ငံမှာ ဆန်စပါးစိုက်ပျိုးဧက ၁၇ သန်းကျော်ရှိပြီး ဆန်စပါးအထွက်နှုန်း တင်းပေါင်း ငါးဆယ့်ကိုးသန်းကျော်ရှိတယ်လို့သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *