အင်းတော်ကြီးဒေသ အရှေ့ကမ်းဘက်မှာ လက်နက်ကြီးပစ်ခတ်မှုတွေရှိနေ 

စက်တင်ဘာ  ၃၀ ၊ အင်းတော်ကြီး 

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ အရှေ့ဘက်ကမ်းက ဟဲပုကျေးရွာဘက်ကနေ  KIA+PDF ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ဆနွင်းကုန်း၊အင်းသာ ကျေးရွာဘက်ကို ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒီနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ မနက်အစောပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ တည်ငြိမ်နေတယ်လို့သိရပါတယ်။ 

“ ဒီနေ့မနက်က ပစ်ခဲ့တာ KIA ဘက်က 60  မမ နဲ့ တောင်ပေါ်ဘက်ကနေ  ဆနွင်းကုန်း၊အင်းသာ ရွာထဲဘက်ကကို ပစ်ခဲ့တာ ကွဲတော့မကွဲဘူး။  တိုက်ပွဲတော့မဖြစ်ဘူး  ဗုံးသီးကမကွဲတော့ အထိအခိုက်မရှိဘူးလို့” ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။ 

လက်နက်ကြီးနဲ့ပစ်ခတ်သံတွေဟာ အင်းတော်ကြီးအနောက်ဘက်ကမ်းအထိကြားရပြီး တိုက်ပွဲဖြစ်ပွားတဲ့ပုံစံမဟုတ်ဘူးလို့ဆိုပါတယ်။ 

“နန့်မွန်းကနေ လက်နက်ကြီးသံတော့ကြားလိုက်တယ် စခန်းကမသိမ်းပါဘူး လိုင်းပေါ်မှာအမျိုးမျိုးပြောနေကြတာ တိုက်ပွဲတောင်မဖြစ်ပါဘူးဆို” လို့ မိုင်းနောင်ဒေသခံတစ်ဦးက ပြောပါတယ်။ 

အင်းတော်ကြီးဒေသမှာ တိုက်ပွဲဖြစ်ပွားမှုမရှိသာ လနှင့်ချီကြာမြင့်လာပြီး စစ်ရေးအရ တပ်သားသစ်စုဆောင်းတာ နဲ့ ခရီးသွားလာမှု တင်းကြပ်မှုတွေသာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အင်းတော်ကြီးဒေသရှိ နန့်မွန်းမြို့နဲ့ အင်းတော်ကြီးမြို့ အပါအဝင် ကျေးရွာပေါင်း(၃၈)ရွာ ရှိတဲ့အထဲ နန့်မွန်းမြို့နဲ့ အင်းအနောက်ကမ်းရှိ မိုင်းနောင်ကျေးရွာ၊မမုန်ကိုင်ကျေးရွာ၊အင်းအရှေ့ဘက်ကမ်းရှိ ဆနွင်းကုန်း၊အင်းသာကနေ ဟဲပါးရွာအထိ  ကျားဖြူစစ်ကြောင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၊ စစ်တပ် နဲ့ ပြည်သူစစ်တို့က ထိန်းချုပ်ထားပြီး  ကျန်အင်းမြှီးကျေးရွာများကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *