မိုးသည်းထန်ပြီးရေကြီးကြောင့် ချောင်းအတွင်း ရွှေမျှောလုပ်ကိုင်နေသူ သုံးဦးရေနစ်သေဆုံး

ရေကြီးရေလျှံမှုကြောင့် ခရီးသွားများရပ်တန့်နေစဉ်

စက်တင်ဘာ ၂၂ ၊​ ဗန်းမောက်

စက်တင်ဘာလ (၂၂) ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဗန်းမောက်မြို့နယ် ကံရွာအုပ်စု အလယ်ရွာကျေးတွင်ရှိ ချောင်းတွင် ရေကြီးပြီး ရွှေမျှောလုပ်ကိုင်နေသူ သုံးဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။​

“ ဗန်းမောက် အလည်ရွာချောင်းမှာတော့ ရွှေမျောလုပ်သားလူငယ်သုံးဦးရေနစ်သေတယ်၊ ချောင်းကျင်းမောင်းတာ ၊ ရေရုတ်တရက်ကြီးခဲ့လို ရေထဲမျှောသွားတာ” ဟု ဒေသခံတစ်ဦး ရှမ်းနီအသံကိုပြောသည်။

ရေနစ်သေဆုံးသူများသည် ထိုချောင်းထဲတွင် ရွှေမျှောလုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခု၏ အလုပ်သမားများဖြစ်သည်ဟုလည်း ဆိုသည်။

သေဆုံးသူများထဲမှာ (၂)​ဦး၏ အလောင်းကို ပြန်လည်ရရှိထားပြီး ကျန်ရှိသည့် ရုပ်အလောင်းကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

မနေ့က မိုးသည်းမှုကြောင့် ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းရှိ ချောင်းများရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ခရီးသွားလာမှု ပြတ်တောက်မှုများလည်းဖြစ်ပွားခဲ့သည်။

ဗန်းမောက်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိမ်ကောလုဖြစ်နေသည့် ချောင်းများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားပြီး နေအိမ်နှင့် လယ်ယာများလည်း ပျက်ဆီးမှုများရှိနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *