မြစ်ကြီးနားမြို့ လေတပ်စခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ 

မတ် ၇ ၊ မြစ်ကြီးနား 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ လေတပ်စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးကျည်ဟာ မော်ဖောင်းကျေးရွာရှိ ဘုရားရှိခိုးကျောင်းထိမှန်ခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။ 

မတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ အမည်မသိ လက်နက်ကိုင်ထားသူတွေက ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာဖြစ်ကြောင်း လေဆိပ်အနီးနေထိုင်သူ ဒေသခံတစ်ဦးက ပြောပါတယ်။ 

“ လေတပ်ဘက်ကို လက်နက်ကြီးနဲ့ လှမ်းထုခဲ့တာ အဲ့ဒါ မော်ဖောင်းက ချက်ကျောင်းကိုသွားထိတယ်၊ အဲ့ဒါခု လေယဉ် နှစ်စီး သုံးစီး ပတ်ဝဲနေတယ် လက်နက်ကြီးက ဘယ်ဘက်ကနေပစ်တယ်ဆိုတာ မသိဘူး ငါးချက်ခြောက်ချက် အကျယ်ကြီးပဲ” လို့ မြစ်ကြီးနား ဒေသခံက ပြောပြပါတယ်။

ဒီနေ့မနက်ပိုင်းမှာ KIA_+PDF ပူးပေါင်းတပ်ဖွဲ့တွေက KIA ဌာနချုပ် လိုင်ဇာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ပူးပေါင်း စစ်ဆင်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။ 

“ သုံးသပ်တာတော့ သူတို့ကို တိုက်နေတဲ့နေရာကို အဲ့မှာ ဆင်ဘိုတို့ဘာတို့ကို အခြားဘက်က စစ်ပွဲတွေမှာ လေယဉ်နဲ့ဗုံးကျဲတဲ့ခါကျတော့  လေယဉ်နဲ့ စစ်ကူမသွားနိုင်အောင် ဒီကနေ  ဖြုတ်တဲ့သဘောပေါ့ကွာ” လို့ ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။ 

မြစ်ကြီးနားမြို့လေဆိပ်ကို ၂၀၂၁ ၊ ၂၀၂၂ ခုနှစ်မှာ မြို့ပြပျောက်ကျားတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ဖူးတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *