မြန်မာကိုယ်ပိုင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အိန္ဒိယထောက်ခံ 

မတ် ၅ ၊ ရန်ကုန် 

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းဦးစားပေး ၊အရှေ့မျှော်ဝါဒ နဲ့ မဟာဆဂါ ( ဒေသလုံခြုံရေးနဲ့ တိုးတက်မှုအပြန်အလှန် ဘက်စုံတိုးတက်မှု)  တို့ပေါင်းစုံရာနေရာမှာရှိပြီး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အိန္ဒိယက ထောက်ခံတယ်လို့ဆိုပါတယ်။ 

ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပေးစွမ်းနိုင်တဲ့ အားလုံးပါဝင်ပြီးတော့ မြန်မာနိုင်ငံက  ဦးဆောင်ပြီး ၊​မြန်မာမူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အိန္ဒိယနိုင်ငံက ထောက်ခံပါတယ်” လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဂျိုင်ရှန်ကာက မနေ့က စာပေဗိမာန်ဖွင့်ပွဲမှာ ဗီဒီယိုမက်ဆေ့နဲ့ပြောဆိုခဲ့ပါတယ်။ 

စာပေဗိမာန်အဆောက်အဦးကို  အိန္ဒိယနိုင်ငံက ကန်ဒေါ်လာ ၃.၇၇ သန်းအကူအညီနဲ့တည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဉာဏပိုင်းဆိုင်ရာ ပါဝင်ဆောင်ရွက်မှု၊  ယဉ်ကျေးမှုဆိုင်ရာဆွေးနွေးမှုနဲ့ ဖန်တီးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ဖို့အတွက် ပလပ်ဖောင်းတစ်ခုအဖြစ် မျှော်လင့်တယ်လို့ အိန္ဒိယနိုင်ငံက သတင်းထုတ်ပြန်ပါတယ်။ 

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းဟာလည်း ဒေသတွင််းတိုးတက်မှုကို မြှင့်တင်ဖို့ရည်ရွယ်ထားပြီး ကုန်သွယ်ရေးနဲ့ ဆက်ဆံရေးတွေကိုလည်း ပိုကောင်းမွန်လာအောင် လုပ်ဆောင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။ 

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံအတွက် သန်း ၄ ရာကျော် ရင်းနှီးမြှုပ်နှံထားတဲ့ ကုလားတန်ဘက်စုံ စီမံကိန်းရှိနေသလို အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအမြန်လမ်း စီမံကိန်းလည်းရှိနေပါတယ်။ 

ဒီစီမံကိန်းတွေတည်ရှိတဲ့နေရာတွေဟာ တိုက်ပွဲတွေကြောင့် ရပ်နားထားရတဲ့အခြေအနေတွေလည်းဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်ကတော့ စီမံကိန်း ပြန်လည်စတင်ဖို့ စစ်ကော်မရှင်နဲ့အမြဲညှိနှိုင်းနေတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *