မြန်မာနိုင်ငံတစ်ဝန်းစစ်ဘေးရှောင်ဦးရေ (၂.၈) သန်းကျော်ရှိလာ

မတ် ၂၂ ၊ ရန်ကုန် 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်  စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းပြီးကစ ယနေ့အထိ စစ်ဘေးရှောင်ဦးရေ ၂.၈သန်းကျော်ရှိလာပြီလို့ UNOCHA Myanmar ရဲ့ စာရင်းထုတ်ပြန်ထားမှုအရ သိရပါတယ်။

တိုးများလာတဲ့ စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်နဲ့ တုံ့ပြန်မှုအစီအစဉ်အရ လိုအပ်တဲ့ ရန်ပုံငွေ ၇ ရာခိုင်နှုန်းကိုသာ ရရှိသေးတယ်လို့ ဆိုပါတယ်။ 

UNOCHA က ၂၀၂၄ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီအတွက် ရန်ပုံငွေ မေရိကန်ဒေါ်လာ ၉၉၄ သန်း လျာထားတယ်လို့ ဆိုပါတယ်။

  တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် မတ်လ (၁၂)နေ့ကနေ (၁၈)ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နှင့် ကနီမြို့နယ်တွေမှာ လူပေါင်း(၂၄၀၀၀) အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်က ကျေးရွာ(၁၇)ရွာအတွင်းရှိ လူပေါင်းတစ်သောင်းကျော် စစ်ဘေးတိမ်းရှာင်ခဲ့ကြရပါတယ်။

  ဒါ့အပြင် တစ်ပတ်အတွင်းမှာပဲ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒသေကြီးတွင်လည်း လူပေါင်း(၁၂၀၀၀)ကျော် တိမ်းရှောင်နေရကာ ရခိုင်ပြည်နယ်မှာတော့ ပြည်နယ်အတွင်း(၁၅)မြို့နယ်ထိ တိုက်ပွဲဒဏ်ခံနေကြရတယ်လို့ ပြောဆိုထားပါတယ်။ 

  ပြီးခဲ့တဲ့ ဂျန်နဝါရီလ ပထမအပတ်ထိ စစ်ဘေးရှောင်ဦးရေ (၂.၆)သန်းကျော်ရှိခဲ့ပြီးနောက်  (၂)လကျော်အတွင်းမှာ ၂သိန်းကျော်တိုးခဲ့တာကြောင့်  (၂.၈)သန်းကျော် ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်တွင်လိုအပ်တဲ့ ရံပုံငွေ ၃၇ ရာခိုင်နှုန်းသာ ရရှိခဲ့ခဲ့တာဖြစ်ပြီး ဒီအတိုင်းသာ ၂၀၂၄ ခုနှစ်တွင်ရမယ်ဆိုရင် ဘေးဒဏ်သင့်ပြည်သူများအတွက် ကြီးမားတဲ့ အခက်အခဲများ ဖြစ်စေမယ်လို့ UNOCHA က အသိပေးထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *