မြန်မာနိုင်ငံအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းအတွက် ဒိန်းမတ်နိုင်ငံက ဒေါ်လာ (၃.၈) သန်းလှူဒါန်း

ဇန်နဝါရီ ၁၀ ၊ ရန်ကုန် 

မြန်မာနိုင်ငံမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းအတွက် ဒိန်းမတ်နိုင်ငံက ခရိုနာ ၂၅ သန်း ( အမေရိကန် ၃.၈) သန်း) ကို လှူဒါန်းခဲ့တယ်လို့ ကုလသမဂ္ဂက ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။​

မြန်မာနိုင်ငံအတွင်းက ပဋိပက္ခဒဏ်ထိခိုက်ခံစားရေနေသူတွေအတွက် UN ရဲ့ စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့ WFP  ကိုလှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။​

အလိုအပ်ဆုံးသောလူတွေဆီကိုအခုလိုလူသားချင်းစာနာမှုအကူအညီတွေတိုက်ရိုက်ရောက်ရှိအောင်ကျွန်တော်တို့ WFP အနေနဲ့ရပ်ရွာလူမှုအသိုက်အဝန်းတွေ၊မိတ်ဖက်အဖွဲ့အစည်းတွေအပြင်ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေနဲ့နီးနီးကပ်ကပ်လုပ်ကိုင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟုလို့မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ် Anderson (အန်ဒါဆန်) ကပြောပါတယ်။

ကချင် ၊​ချင်း ၊​ရခိုင် နဲ့ ရှမ်း ပြည်နယ်အပါအဝင် ပြည်နယ် နဲ့ တိုင်းဒေသကြီး အသီးသီးက ပဋိပက္ခဒဏ်သင့်ပြီး နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့သူ သုံးသိန်းနီးပါးကို အကူအညီပေးအပ်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။​

Leave a Reply

Your email address will not be published. Required fields are marked *