မြန်မာပြည်တွင်း အရပ်သားထိခိုက်နေမှုတွေကိုအာဆီယံဥက္ကဌကအလွန်စိတ်မကောင်းဖြစ်လို့ဆို 

အောက်တိုဘာ ၂၆ ၊ နေပြည်တော် 

မြန်မာနိုင်ငံအတွင်းက ဖြစ်ပွားနေသည့် အင်းစိန်ထောင်ဗုံးခွဲတိုက်ခိုက်မှု၊ ကရင်ပြည်နယ်အတွင်းပစ်ခတ်မှုနဲ့  ကချင်ပြည်နယ်အတွင်း လေကြောင်းက တိုက်ခိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်ခံရမှုတွေနဲ့ ပတ်သက်ပြီး အာဆီယံကဥက္ကဌက အထူးစိုးရိမ်တယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနက အောက်တိုဘာလ ၂၅ရက်နေ့မှာ ကြေညာချက်တစ်စောင်ထုတ်ပြန်တာလည်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက သာမန်အရပ်သားတွေ ကြုံတွေ့နေတဲ့ ဒုက္ခဆင်းရဲနဲ့ ထိခိုက်နစ်နာမှုတွေ တိုးလာနေတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်မိတယ်လို့ ပြောဆိုထုတ်ပြန်ပါတယ်။ 

နောက်ဆုံးပြင်းထန်လာနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအတွင်းက လူသားချင်းစာနာထောက်မှု အခြေအနေတွေ ဆိုးရွားနေရုံသာမကပဲ အာဆီယံဘုံသဘောတူညီ (၅) ချက်ကိုလည်း မထီမဲ့မြင်ပြုနေတာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့နဲ့  ဒေသတွင်း ငြိမ်းချမ်းရေး ၊ လုံခြုံရေးတွေကို လုပ်ဆောင်ဖို့အတွက် တိုက်တွန်းထားပါတယ်။ 

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဒီတစ်ပတ်အတွင်းမှာပဲ မလေးရှားနိုင်ငံဂျာဂါတာမှာ တွေ့ဆုံဖို့ရှိနေပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *