မြန်မာ့ကလေးငယ်များကာကွယ်ပေးရေးချက်ခြင်းဆောင်ရွက်ရမယ်လို့ကုလလုံခြုံရေးကောင်စီကိုတိုက်တွန်း 

ဇူလိုင် ၂၀ ၊ နယူးယောက် 

မြန်မာ့ကလေးငယ်များနှင့် မြန်မာပြည်သူများကို ကာကွယ်ပေးရေးချက်ခြင်းလုပ်ဆောင်ဖို့ ကုလလုံခြုံရေးကောင်စီကို ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။ 

ဇူလိုင်လ ၁၉ ရက်နေ့မှာ ပြုလုပ်တဲ့ ကလေးများနှင့် လက်နက်ကိုင်ပဋိပက္ခ ခေါင်းစဉ်နဲ့ တံခါးဖွင့်အစည်းအဝေးပွဲမှာ ဒီလိုတိုက်တွန်းခဲ့တာလည်းဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် မြန်မာစစ်တပ်က ကလေးသူငယ်တွေအပါအဝင် ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ ၊ နှိပ်စက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ 

ဖမ်းဆီးခံထားရတဲ့ ကလေး ၁၄၀၀ ဦးရှိပြီး စစ်တပ်က မိဘတွေကို လာရောက်အဖမ်းခံစေဖို့ ရည်ရွယ်ပြီး ဓားစာခံအဖြစ်ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ 

တချို့သာ မိဘများနှင့်ကလေးများက ပြည်တွင်းမလုံမခြုံဖြစ်လာတာကြောင့် အိမ်နီးချင်းနိုင်ငံတွေဆီထွက်ပြေးတိမ်းရှောင်မှုတွေရှိကာ လူကုန်ကူးမှုအန္တရာယ်တွေနဲ့လည်း ရင်ဆိုင်ရနိုင်ကြောင်း ပြောဆိုခဲ့ပါတယ် 

ကုလအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာလည်း မြန်မာကလေးငယ် ၄၆၂ ဦးအပေါ်မှာကျူးလွန်တဲ့ ဆိုးရွားတဲ့ လုပ်ရပ် ၅၀၃ ခုကို ဖော်ပြခဲ့သလို ၊ ၂၂၂ ဦးကို သေရာပါဒဏ်ရာတွေရအေင်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ 

  ကုလသမဂ္ဂပဋိဉာဉ်စာတမ်းမှာပါတဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းမှာဖော်ပြတဲ့ တာဝန်ဝတ္တရားတွေနဲ့အညီ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ရပ်တန့်ဖို့ ၊ တားဆီးဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်သလို ချက်ခြင်းအရေးယူဆောင်ရွက်ပေးရမယ်လို့ ဦးကျော်မိုးထွန်းက ပြောဆိုခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *