မြန်မာ့စီးပွားရေး၂၀၂၂ခုနှစ်အတွင်းမှာ၁ရာခိုင်နှုန်းသာတိုးတက်လာနိုင်တယ်လို့ World bank  ကထုတ်ပြန်

မနှစ်က  World Bank ရဲ့ ခန့်မှန်းမှုအရ မြန်မာ့စီးပွားရေးက ၁၈ ရာခိုင်နှုန်းကျုံ့သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

World Bank ရဲ့ ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ စစ်တပ်က အာဏာသိမ်းပြီး ဖေဖော်ဝါရီလ (၁) ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု နဲ့ အလုပ်လက်မဲ့တွေမြင့်မားလာခဲ့တယ်လို့ဆိုပါတယ်။​

ကပ်ရောဂါနှင့် အာဏာသိမ်းမှု နှစ်ရပ်စလုံး မရှိရင် မြန်မာ့စီးပွားရေးသည် ၃၀ ရာခိုင်နှုန်း ပိုမိုကြီးမားလာနိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ 

“ တချို့နေရာတွေမှာ မကြာသေးမီက   တည်ငြိမ်မှုရဲ့ လက္ခဏာတွေကို ရောင်ပြန်ဟပ်နေချိန်မှာတော့ စီးပွားရေးအားနည်းတဲ့ အခြေအနေက ဆက်ရှိနေပါတယ် ” ဟု ကမ္ဘာ့ဘဏ်မှ အာရှဒေသဆိုင်ရာ အစီရင်ခံစာမှာ  သတင်းထုတ်ပြန်ချက်မှာရေးသားထားပါတယ်။​  

2022 ခုနှစ်ရဲ့ စိန်ခေါ်မှုတွေထဲမှာ ကိုဗစ်19 ကပ်ရောဂါ နဲ့ နိုင်ငံရေးပဋိပက္ခတွေ အပြင်  လျှပ်စစ်မီး ၊ ထောက်ပံ့ပေးရေး နဲ့ ဒီဂျစ်တယ်ဆက်သွယ်ရေး တို့ပါရှိနေပါတယ်။ 

“မြန်မာနိုင်ငံက ပြည်သူအများစုအတွက် အခြေအနေနဲ့အလားအလာက ဆက်ပြီးတော့ တော်တော်လေး စိုးရိမ်ပူပန်စရာကောင်းနေဆဲပါ” ဟု မြန်မာ ကမ္ဘောဒီးယားနှင့် လာအိုဆိုင်ရာ ကမ္ဘာ့ဘဏ်၏ ဌာနေညွှန်ကြားရေးမှူး မာရီယမ် ရှားမန်က ပြောဆိုထားပါတယ်။ 

Ref; Bangkok post news

Leave a Reply

Your email address will not be published. Required fields are marked *