မြေရှားအရေး မြန်မာနဲ့  အိန္ဒိယဝန်ကြီး ချုပ်တို့ဆွေးနွေးခဲ့ 

စက်တင်ဘာ ၁ ၊ နေပြည်တော်

စစ်ကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီတို့ တရုတ်နိုင်ငံမှာ သြဂုတ်လ ၃၁ ရက်နေ့ကတွေ့ဆုံခဲ့ပြီးနောက် မြေရှားသတ္ထုတူးဖော်ရေးအကြောင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မြေရှားသတ္တုတူးဖော်ရေးနယ်ပယ်မှာ ပူးပေါင်းမှုတိုးမြှင့်နိုင်ရေးကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ဆွေးနွေးပွဲ မတိုင်ခင် စစ်ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်တို့  သြဂုတ်လ ၃၁ ရက်ကသီးခြားတွေ့ဆုံမှု ဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်ဒေသ တည်ငြိမ်ရေး ၊ ကုန်သွယ်ရေးလုပ်ငန်းများ မြှင့်တင်ရေးကို ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မကြာခင် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲအား အိန္ဒိယအစိုးရက ထောက်ခံအားပေးကြောင်းနှင့်  ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့များစေလွှတ်ပေးမည်ဟု နရန်ဒြာမ်ိုဒီက ပြောဆိုခဲ့ကြောင်း သိရသည်။

လက်ရှိမြန်မာ့မြေရှားတွေ မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ အများဆုံးတွေ့ရပြီး KIA က ထိန်းချုပ်ထားပြီး ရှမ်းအရှေ့မှာတော့ “ဝ”​တပ် UWSA နဲ့ မိုင်းလားတပ်တို့က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ်မှ  ၂၀၂၄  ခုနှစ်အထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရှားပါးမြေ တင်ပို့မှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံကျော်ရှိပြီး အဲ့ထဲက ၈၅ ရာခိုင်နှုန်းဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတင်ပို့မှုတွေဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *