ရန်ကုန်လေတပ်ဌာနချုပ်အတွင်းတိုက်ခိုက်ရေးဂျက်လေယာဉ်တွေဗုံးခွဲခံရ 

 YAK -130 လေတပ်သို့ တပ်တော်ဝင်စဉ်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ 

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမှာရှိတဲ့ လေတပ်ဌာနချုပ်အတွင်း  ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် Figher ဂျက်လေယာဉ်နှစ်စီး 

ပျက်စီးသွားတယ်လို့ Yangon Pepole Force က ဒီနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

မနေ့က ဖေဖော်ဝါရီ (၁၈) ရက်နေ့ညမှာ Yangon People  Force တပ်ဖွဲ့က လေတပ်စခန်းကို ဝင်ရောက်ခဲ့ကာ လေယာဉ်တွေကို ဗုံးဆင်ပြီး ည သန်းခေါင်အချိန်မှာ အဝေးကနေ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။​

ပျက်ဆီးသွားတဲ့ တိုက်လေယာဉ်နှစ်စီးက YAK 130 တိုက်လေယာဉ်တွေ ဖြစ်ပြီး လေယာဉ်အမှတ် 1802 နဲ့ 1803 တို့ဖြစ်ကြောင်း NUG ကိုယ်ပိုင်မီဒီယာဖြစ်တဲ့ PVTV က ရေးသားထားပါတယ်။​

လေယာဉ်ပျက်စီးမှုနဲ့ ပတ်သက်တဲ့ စစ်ကောင်စီဘက်က ပြောဆိုနေကြတဲ့ ဖုန်းအသံဖိုင်လည်း ထွက်ပေါ်လာခဲ့ပါတယ်။​

ဒီသတင်းတွေကို စစ်ကောင်စီ ဘက်က ငြင်းဆိုထားတယ်လို့ BBC သတင်းဌာနမှ ရေးသားထားပါတယ်။​

YAK 130 က ရုရှားနိုင်ငံကထုတ်လုပ်ြီးတော့   တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီ  ဗုံးကျဲနေတဲ့ လေယာဉ်အမျိုးအစားဖြစ်ကာ မြန်မာပြည်မှာ ၁၈ စီးရှိတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *