ရလဒ်မထွက်သည့်  ငြိမ်းချမ်းရေးဆွေးနွေးပွဲပြီးနောက် နောင်ချိုမြို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရ 

ဖေဖော်ဝါရီ ၂၀ ၊ နောင်ချို 

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ရှိ ဘူတာရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်လာပါတယ်။ 

မနေ့က ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ည ၈ နာရီခွဲအချိန်မှာ ဘူတာရပ်ကွက်နဲ့ ဆေးရုံပေါ်ကို  လေကြောင်းမှ ဗုံးနှစ်လုံးကြဲချခဲ့ပြီး ထိခိုက်သေဆုံးသူတွေရှိခဲ့တာလို့ TNLA က ပြောပါတယ်။ 

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့ နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ နဲ့ ၁၇ ရက်နေ့တွေမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုနဲ့ TNLA နဲ့ စစ်ကောင်စီတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ 

နှစ်ဖက်တောင်းဆိုမှုတွေကို ညှိနှိုင်းမရတာကြောင့် ဆွေးနွေးပွဲက နှစ်ရက်တည်းနဲ့ရပ်လိုက်ပြီး ဆက်လက်ဆွေးနွေးသွားဖို့သာ သဘောတူညီခဲ့ကြပါတယ်။ 

အဲ့ဒီဆွေးနွေးပွဲမှာ TNLA ဘက်က အချက် ၃ ချက်တောင်းဆိုခဲ့ပြီး နှစ်ဖက်တပ်တွေ ရောက်တဲ့နေရာမှာရပ်ဖို့ ၊  ထိုးစစ်၊ လက်နက်ကြီးပစ်ခတ်မှု ၊ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်ဖို့ နဲ့  နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနဲ့ ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုဖို့ကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *