ရေကာတည်ဆောက်မှုတွေကိုရပ်တန့်ပြီးရှမ်းပြည်ထဲကထွက်ခွာဖို့ရှမ်းပြည်မြစ်ချောင်းများအတွက်လှုပ်ရှားရေးအဖွဲ့ဆို 

ရေကာတာစီမံကိန်းတွေရပ်တန့်ဖို့ ဒေသခံတွေ ဆန္ဒထုတ်ဖော်နေကြစဉ်

မတ် ၁၅ ၊ သီပေါ 

မတ်လ ၁၄ ရက်နေ့က နိုင်ငံတကာမြစ်ချောင်းများနေ့ဖြစ်ပြီး ရှမ်းပြည်ထဲက သဘာဝပတ်ဝန်းကျင်အရေးလုပ်ရှားသူတွေနဲ့ ဒေသခံတွေက ရေကာတာတည်ဆောက်မှုရပ်တန့်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

“ ရှမ်းပြည်ထဲကထွက်သွားကြပါ၊ ဘယ်သူမှရေကာတာလာမဆောက်နဲ့ ၊ အားလုံးရပ်” ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ နမ့်ပန်မြစ်ကမ်းဘေး ၊ သံလွင်မြစ်ကမ်းဘေး တွေမှာ လူထုတွေစုပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

ရှမ်းပြည်ထဲမှာရှိတဲ့ မြစ်ချောင်း(၁၄)ခုမှာ ရေကာတာတည်ဆောက်ပြီးတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ကို ရောင်းချမှာဖြစ်ပြီး ပြည်တွင်းလျှပ်စစ်ကဏ္ဍကိုလည်း အနည်းငယ်အသုံးပြုမှာဖြစ်ပါတယ်။

ရှမ်းပြည်မြစ်ချောင်းအရေးလုပ်ရှားရေးအဖွဲ့ထုတ်ပြန်မှုမှာ ရေကာတာစီမံကိန်းကြီးတွေက စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းကြောင်းဖြစ်ပြီး စီမံကိန်းဒေသက ပြည်သူတွေ အိုးအိမ်စည်းစိမ် လယ်ယာမြေဆုံးရှုံးမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေခံနေရတယ်လို့ ဆိုပါတယ်။ 

အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက တရုတ်ပိုင် ဟန်နာဂျီကုမ္ပဏီကို ကွမ်းလုံဒေသ သံလွင်မြစ်ပေါ်မှာ ရေကာတာ တည်ဆောက်ဖို့ အခွင့်ထူးပေးခဲ့ပါတယ်။ 

အဲ့ကနေထွက်မယ့် လျှပ်စပ် ၁၄၀၀ မီဂါဝပ်ရဲ့ ၉၀ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့မှာဖြစ်ပါတယ်။ 

အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ရှမ်းပြည်နယ်ထဲက ရေအားလျှပ်စစ် စီမံကိန်းကြီးတွေကိုလည်း ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *