စက်တင်ဘာ ၁၆ ၊ မန္တလေး
မြန်မာနိုင်ငံတဝှမ်းမှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ လူဦးရေ သုံးသိန်းကျော် နေရာရွေ့ပြောင်းထားရတယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့မှာ တောင်တရုတ်ပင်လယ်မှာ တိုက်ခတ်ခဲ့တဲ့ ရာဂီမုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံက ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း ၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း နှင့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း ၊ နေပြည်တော် တို့မှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တာပါ။
နိုင်ငံတစ်ဝန်းလုံးတွင် ရွှေ့ပြောင်းခဲ့ရတဲ့နေအိမ် ၇၂,၉၀၀ ကျော်၊ အိမ်ထောင်စုပေါင်း ၇၈၀၀၀ ကျော်အထိရှိပြီး လူဦးရေ ၃၂၀,၀၀၀ ကျော်ကို ဘေးကင်းရာ ယာယီကယ်ဆယ်ရေးစခန်းများတွင် ရွှေ့ပြောင်းထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ရေကြီးရေလျှံမှုများအတွင်း သေဆုံးသူ ၁၁၃ ဦး၊ ပျောက်ဆုံးသူ ၆၄ဦး၊ ဒဏ်ရာရရှိသူ ၁၄ ဦးရှိပြီး ကျန်ရှိနေသော ပျောက်ဆုံးသူများရှိနေပြီး မြေပြင်သတင်းအချက်အလက်များက ထိုထက်မက သေဆုံးပျောက်ဆုံးမှုတွေလည်းရှိနေဆဲဖြစ်ပါတယ်။
မြို့နယ်ပေါင်း ၃၀ ကျော် ရေနစ်မြှုပ်ခဲ့ပြီး နေအိမ်အဆောက်အဦး ရာနှင့်ချီထိခိုက်ပျက်စီးမှုတွေရှိနေပြီး စာရင်းအတိအကျကိုတော့ ကောက်ယူနိုင်ကြခြင်းမရှိသေးပါဘူး။