ရေနံနဲ့ရေနံထွက်ပစ္စည်းအမေရိကန်ဒေါ်လာ၁.၃ဘီလီယံခန့်  ပြည်ပကနေတင်သွင်းနေရ 

စက်သုံးဆီပြတ်လပ်မှုတွေကြောင့် တန်းစီပြီးဝယ်ယူနေရစဉ် Photo/ShanNi Voice

မြန်မာနိုင်ငံမှာ ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံခန့် ပြည်ပကနေတင်သွင်းနေရတယ်လို့  စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ် ၈ ရက်နေ့မှာ ပြုလုပ်တဲ့  ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာပြောဆိုပါတယ်။ 

အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံခန့် တင်သွင်းနေရတာကြောင့်လည်း လျော့ချသွားဖို့အတွက် ပြောဆိုထားပါတယ်။ 

မြန်မာပြည်အတွင်းက ရေနံထွက်ရှိရာဒေသတွေက တွင်းတိမ်ရေနံတွေကို စနစ်တကျ တူးဖော်ထုတ်လုပ်ဖို့နဲ့  ရေနံထုတ်လုပ်ရေးတွေကိုလည်း စနစ်တကျဖြစ်စေဖို့ သူက ပြောဆိုခဲ့ပါတယ်။ 

လက်ရှိမှာ ရေနံထွက်ပစ္စည်းလို့သတ်မှတ်ထားတဲ့ စက်သုံးဆီအမျိုးမျိုးတွေရဲ့  စျေးနှုန်းတွေက တည်ငြိမ်မှုမရှိသေးသလို ပြတ်လပ်မှုတွေလည်း နေရာတချို့မှာဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့  တစ်နှစ်ကို  စက်သုံးဆီတန်ချိန် ခြောက်သန်းဝန်းကျင်လောက် တင်သွင်းတာလို့လည်း စီးပွားကူးသန်းဝန်ကြီးဌာနက နေသိရပါတယ်။ 

၂၀၂၁ ခုနှစ်မှာလည်း စက်သုံးဆီတွေကို ပြည်ပကနေ ၁.၂ ဘီလီယံခန့် တင်သွင်းခဲ့ရတယ်လို့ သတင်း မှတ်တမ်းတွေအရသိရပါတယ်။ 

စစ်ကောင်စီခေါင်းဆောင်က စက်သုံးဆီကိုလျော့ချနိုင်ဖို့အတွက် လျှပ်စစ်ကား ၊ လျှပ်စစ်ရထားစီမံကိန်းအကြောင်းတွေကိုလည်း ၂၀၂၁ ခုနှစ်ထဲမှာ ပြောဆိုမှုတွေရှိခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *