အောက်တိုဘာ ၁၇ ၊ မိုးကောင်း
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ရေရှင်ကျေးရွာအုပ်စု လေးမိုင်ကျေးရွာဘုန်းတော်ကြီးကျောင်း၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ သီလာနန္ဒသည် အောက်တိုဘာ ၁၆ ရက်နေ့မှာ အမည်မသိ လက်နက်ကိုင်တစ်စုက လာရောက်ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ သေနတ်နဲ့ ၆ချက် ပစ်သွားတာ။ ည ၇ နာရီဝန်းကျင်က မီးပျက်သွားသေးတယ် မီးပျက်တဲ့အချိန်ဝင်ပစ်တာ” လို့ မိုးကောင်းမြို့ ဒေသခံတစ်ဦးကပြောပြပါတယ်။
ပစ်ခတ်ခံရပြီး အချိန်ခဏအတွင်းမှာပဲ ပျံလွန်တော်မူသွားခဲ့တယ်လို့ ဆိုပါတယ်။
ဘုန်းတော်ကြီးကျောင်းကို လက်နက်ကိုင်ထားတဲ့အဖွဲ့ (၁၀) ဦးလာရောက်ခဲ့ပြီး ၂ ဦးက အပေါက်ဝမှာစောင့်ထားကာ ကျန်တဲ့ ရှစ်ဦးက ဘုန်းတော်ကြီးကျောင်းပေါ်တက်ပြီး ဆရာတော်ကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ရေရှင်လေးမိုင်ဆရာတော်ကြီးက သက်တော် ၅၇၊ ဝါတော် ၂၇ ရှိပြီဖြစ်ကာ မြို့နယ်သံဃနာယက (တွဲဘက်-အကျိုးတော်ဆောင်) ဆရာတော်တစ်ပါးလည်းဖြစ်ပါတယ်။
မိုးကောင်းမြို့နယ်အတွင်းက သံဃာတော်များပစ်ခတ်လုပ်ကြံခံရမှုက ပထမဆုံးအကြိမ်လည်းဖြစ်ပြီး မိုးကောင်းမြို့နယ်ထဲက ဌာနဆိုင်ရာများ အုပ်ချုပ်ရေးမှူးများ နဲ့ ဝန်ထမ်းများလည်း တိုက်ခိုက်ခံရမှုတွေ ရှိခဲ့ပါတယ်