ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (၃၃) နှစ်ပြည့်ပြီ

အောက်တိုဘာ ၂၆ ၊ ရန်ကုန် 

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ တည်ထောင်ခဲ့သည်မှာ ယနေ့တွင် (၃၃) နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်းသိရသည်။​

၎င်းတို့၏ (၃၃) နှစ်ပြည့်အခမ်းအနားကို အွန်လိုင်းတွင်သာ ကျင်းပပြုလုပ်ခဲ့ပြီး မိတ်ဖက်ပါတီများ ၊ ရှမ်းလက်နက်ကိုင်အဖွဲ့များ ၊ ရှမ်းအရပ်ဘက်အဖွဲ့အစည်းများတက်ရောက်ခဲ့ကြောင်းသိရသည်။​

SNLD ၏ (၃၃)​နှစ်ပြည့် ကို NUG အပါအဝင် ၊ နိုင်ငံရေးပါတီများ ၊ အရပ်ဘက်အဖွဲ့အစည်းများက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြသည်။ 

SNLD သည် ၁၉၈၈ ရွေးကောက်ပွဲ ၊ ၂၀၁၅ ရွေးကောက်ပွဲ နှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင်    NLD ပါတီပြီးလျှင် မဲဆန္ဒနယ်အများဆုံးအနိုင်ရှိသည့် ပါတီတစ်ခုဖြစ်လည်းဖြစ်သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *