
အောက်တိုဘာ ၁၈ ၊ ဟုမ္မလင်း
ရှမ်းနီစာပေ Grade-2,3 သင်ရိုးညွှန်းတမ်းအတည်ပြုရေးအတွက် နောက်ဆုံးအကြိမ် ဆွေးနွေးမှုကို ရှမ်းနီအမျိုးသားစာပေ သင်ရိုးညွှန်းတမ်းရေးဆွဲရေးကော်မတီက ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုကော်မတီက အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဟုမ္မလင်းမြို့နယ် ဘုရားငါးဆူ ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
“ Grade-၃,၄ က soft copy တွေကော ၊ Hard ကော်ပီတွေကောပေးထားပြီးတာကြာပြီ ၊ အဓိကတော့ KG တွေကော Grade 1 တွေကောပါမယ်ထင်တယ်ကော “ ဟု ဗန်းမောက်မြိုန့ယ် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးထွန်းမြင့်က ဆိုသည်။
Grade-3,4 သင်ရိုးညွှန်းတမ်းများကို လွန်ခဲ့သည့် နှစ်နှစ် ကတည်းက ဆွေးနွေးညှိနှိုင်းသဘောတူညီမှု တချို့ရရှိထားပြီး Covid19 ကြောင့် တွေ့ဆုံဆွေးနွေးမှု ရပ်တန့်ထားခဲ့ရခြင်းဖြစ်သည်။
လွန်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရှမ်းနီကျောင်းသားများအတွက် KG နှင့် Grade-1 စာအုပ်ကို ရိုက်နှိပ် ထုတ်ဝေပေးခဲ့သည်။
လွန်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရှမ်းနီကျောင်းသားများအတွက် KG နှင့် Grade-1 စာအုပ်ကို ရိုက်နှိပ် ထုတ်ဝေပေးခဲ့သည်။