မတ် ၉ ၊ မိုးညှင်း
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီပါတီ ) နှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)နှင့် တို့မှ မှတ်ပုံတင်လျှောက်ထားတယ်လို့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က မတ်လ ၉ ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။
စစ်ကောင်စီက အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးမှတ်ပုံတင်ခြင်း ဥပဒေအတိုင်း ပါတီဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ကို လာရောက်လျှောက်ထားတာဖြစ်တယ်လို့ဆိုပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ ကျားနီပါတီ TNDP ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)၊ ဒီမိုကရေစီပါတီသစ်(ကချင်) တို့က ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထားကြတာလည်းဖြစ်ပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေထဲမှာ တည်ဆဲပါတီတွေဟာ ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံမတင်ရင် အလိုအလျှောက် ပါတီဖျက်သိမ်းမှာလို့ပြဌာန်းထားပြီး ပါတီမှတ်ပုံပြန်တင်ဖို့ ရက်ပေါင်း ၂၀ ကျော်သာ အချိန်ကျန်ရှိတော့လာလည်းဖြစ်ပါတယ်။
တည်ဆဲနိုင်ငံရေးပါတီ ၉၁ ပါတီထဲက စစ်ကောင်စီဆီကို တစ်လကျော်အတွင်း ပါတီ ၁၉ ပါတီသာ ပြန်လျှောက်ထားတာကိုတွေ့ရတာလည်းဖြစ်ပါတယ်။