ဒီတစ်ပတ် ရှမ်းနီဒေသတွင်း သတင်းတွေအနေနဲ့ကတော့
ထီးချိုင့်မြို့နယ်ထဲက ရှမ်းနီတိုင်းရင်းသားတွေနေထိုင်တဲ့ ကျေးရွာနှစ်ရွာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတဲ့သတင်း
ရှမ်းနီတိုင်းရင်းသားတွေရဲ့ ဘိုးဘွားတွေ စိုက်ပျိုးခဲ့တဲ့ လက်ဖက်စိုက်ခင်းတွေမှာ ရွှေတူးဖော်နေကြတယ်ဆိုတဲ့ သတင်း နဲ့ အင်းတော်ကြီးဒေသက စပါးပေါ်ခါစ တောင်သူတွေရဲ့ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်းလည်း နားဆင်ကြရပါ။
ယခုတစ်ပတ်အတွင်း ထူးခြားသည့် သတင်းတိုများကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။
ဒီတစ်ပတ် ရှမ်းနီဘာသာအစီအစဉ်အနေနဲ့ သီတင်းကျွတ်ကာလ ရှမ်းနီတိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့အကြောင်းကိုလည်း နားဆင်ကြရမှာပါ။ ရှမ်းနီတိုင်းရင်းသားတို့ရဲ့ စကားပြောနည်းတချို့ကို သင်ပြပေးပါ့မယ်။