
မေ ၁၃ ၊ တောင်ကြီး
ရှမ်းပြည်ညီလာခံဖြစ်မြောက်ရေးအတွက် ဒုတိယအဆင့် ဆွေးနွေးပွဲကို မေလ ၉ ရက်နေ့က ၁၂ ရက်နေ့အထိ ၄ ရက်တာကို ပြုလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။
ဒီဆွေးနွေးပွဲမှာ ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အခြေခံရမယ့်မူနဲ့ ဖက်ဒရယ်မူရရှိလာဖို့ ၊ နိုင်ငံရေးစုပေါင်းဦးဆောင်ဖွဲ့စည်းနိုင်ရေး နဲ့ လူမျိုးစုများသဘောတူညီလက်ခံတဲ့ အခြေခံမူနဲ့ ဖက်ဒရယ်မူကို စုပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ဖို့ ဆိုတာပါဝင်တယ်လို့သိရပါတယ်။
ဒုတိယအဆင့်ဆွေးနွေးပွဲက ရှမ်းပြည်တွင်အတွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေနှင့် နိုင်ငံရေးပါတီတွေ စုံစုံလင်လင်ပါဝင်ဆွေးနွေးတဲ့ တတိယအဆင့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမတိုင်မှီ ရှမ်းပြည်လူထုရဲ့ အသံကိုဖော်ထုတ်တဲ့ပွဲလည်းဖြစ်တယ်လို့ ပြောပါတယ်။
ဆွေးနွေးပွဲကို ၁၁၃ ဦးတက်ရောက်ခဲ့ပြီးတော့ သံဃာတော်တွေ ၊ အရပ်ဘက်အဖွဲ့အစည်းတွေပါဝင်ကြပါတယ်။
ရှမ်းပြည်တိုင်းရင်းသားတွေလက်ခံတဲ့ ဖက်ဒရယ်မူနဲ့ အညီ ဖွဲ့စည်းပုံအခြေခံဥပေဒေရေးဆွဲနိုင်ရေးအတွက်ဆိုပြီး ပထမကြိမ်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့ကနေ (၇) ရက်နေ့အထိပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
ပထမအကြိမ်ကိုတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SAA က ကမကထပြုလုပ်ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။