ဧပြီ ၂၉ ၊ လွိုင်တိုင်းလျှန်း
ရှမ်းပြည်မြောက်ပိုင်းမှာ SSPP/SSA ၊ TNLA တပ်ပေါင်းစု နဲ့ RCSS/SSA တို့ကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ဖမ်းဆီးမိခဲ့တဲ့ SSPP/SSA ၊ တပ်ပေါင်းစုက တပ်ဖွဲ့ဝင်တွေကို ပြန်လည်ပေးခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဧပြီလ ၂၈ ရက်နေ့မှာ RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျှန်းမှာ ထိန်းသိမ်းထားသူတွေကို သူတို့ရဲ့ မိဘဆွေမျိုးတွေဆီလွဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ RCSS/SSA. ရဲ့ ကိုယ်ပိုင်မီဒီယာဖြစ်တဲ့ Tai Freedom က ဖော်ပြထားပါတယ်။
ကျောက်မဲမြို့နယ် လွယ်ခေါ်ကျေးရွာအုပ်စုမှာ နေထိုင်တဲ့ လုံးဝိရိယ ၊ နမ္မတူမြို့နယ် ဆိုင်ခေါင်ကျေးရွာအုပ်စုက လုံးခေးမိုင် ၊ ရှောင်းဆာကျေးရွာအုပ်စု ရေအိုးကျေးရွာက ဦးကြာယုံ နှင့် သားဖြစ်သူ မောင်နေလင်းဦး ၊ မောင်နေလင်းစွာတို့ကို မိသားစုတွေဆီပြန်လွဲပေးခဲ့တယ်လို့ ရေးသားထားပါတယ်။
၂၀၂၂ ခုနှစ် မတ်လ နှင့် ဧပြီလထဲမှာလည်း သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ဖမ်းဆီးခံရတဲ့ တပ်ပေါင်းစုတို့၏ တပ်ဖွဲ့ဝင်များ စုစုပေါင်း ၁၅ ဦးကို ပြန်လွတ်ပေးခဲ့တာပါ.
ဖမ်းဆီးမိသူတွေကိုလည်း ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားခဲ့ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ပိုင်းဆိုင်ရာတွေ ကုသမှုတွေလည်း ပြုလုပ်ပေးခဲ့တယ်လို့ဆိုပါတယ်။
RCSS/SSA နဲ့ SSPP/SSA ၊ TNLA တို့ကြားတိုက်ပွဲက လက်ရှိအချိန်မှာ ငြိမ်သက်သွားပြီး RCSS/SSA ကလည်း ရှမ်းပြည်မြောက်ပိုင်းကနေ ဆုတ်ခွာသွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။