ရှမ်းမျိုးနွယ်စုများစာပေနဲ့ယဉ်ကျေးမှုအဖွဲ့တွေများ၏နာယကများကိုကန်တော့ခြင်းနဲ့ဩဝါဒခံယူပွဲပထမအကြိမ်ပြုလုပ် 

အောက်တိုဘာ ၁၆ ၊ မြစ်ကြီးနား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာရှိတဲ့ ရှမ်းမျိုးနွယ်စုများ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၏ နာယကများကို ကန်တော့ခြင်းနှင့် ဩဝါဒခံယူခြင်း ပထမအကြိမ်ပွဲကို အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ 

မြစ်ကြီးနားမြို့မှာရှိတဲ့ ရှမ်းမျိုးနွယ်စုဓမ္မာရုံမှာ ရှမ်းမျိုးနွယ်စုတစ်စုလျှင် နာယက (၅) ဦးစီဖြင့်  ပူဇော်ကန်တော့ဩဝါဒခံယူခဲ့ကြတာလည်းဖြစ်ပါတယ်။ 

“ ကျွန်တော်တို့က စာပေနဲ့ယဉ်ကျေးမှုဆောင်ရွက်ကြတဲ့အခါမှာ လူငယ်နဲ့လူကြီး ၊​လူငယ်တွေက မာနအလျှောက် လူကြီးကိုမထီမဲ့မြင်ပြုတတ်တာလည်းရှိတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် အဲ့အပြစ်တွေကိုကျေရာကျေကြောင်း ဝန်ချတောင်းပန်ကန်တော့ကြရမယ်လေ။ အဲ့ဒီအစဉ်အလာက လုပ်ကိုလုပ်ရမှာ ဘာဖြစ်လို့လည်းဆိုရင် လူငယ်တွေကလည်းပဲပြစ်မှားတတ်ကြတယ်လေ” လို့ ကျင်းပရေးဥက္ကဌ ဦးစိုင်းစန်းဝေက ပြောပါတယ်။ 

မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့မှာရှိတဲ့ အသက် ရှစ်ဆယ်ကျော်အရွယ်ရှိနေကြတဲ့ တစ်ချိန်က ရှမ်းမျိုးနွယ်စုများ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့တွေမှာ ပါဝင်လှုပ်ရှားခဲ့ကြသူများ ၊ ဦးဆောင်ဦးရွက်ပြုခဲ့ကြသူများကို  ကန်တော့ ဩဝါဒခံယူကြတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီလိုကန်တောပူဇော်ပွဲနဲ့ ဩဝါဒခံယူပွဲတွေကို သီတင်းကျွတ်လတွေမှာ ဆက်လုပ်ဖို့အတွက်လည်း အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *