မေ ၈ ၊ မူဆယ်
မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် (TYN) ရဲ့ ဦးဆောင်ကော်မတီဝင်လည်းဖြစ် ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်တဲ့ စိုင်းစံလှသေဆုံးမှုနဲ့ပတ်သက်ပြီး TNLA နဲ့ စစ်ကောင်စီတပ်တို့က ရှမ်းအရပ်ဘက်အဖွဲ့တွေ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
မေလ (၇) ရက်နေ့ ရက်စွဲနဲ့ ရှမ်းအရပ်ဘက်အဖွဲ့တွေရဲ့ စုပေါင်းထုတ်ပြန်မှုမှာ စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ TNLA တပ်တို့ရဲ့ အရပ်သားပစ်မှတ် ၊ စစ်ဘက်ပစ်မှတ်တို့ကို ရှောင်လွဲမှုမပြုပဲ လုပ်ဆောင်မှုကြောင့်လို့ ဆိုပါတယ်။
ဒါ့အပြင် ရှမ်းပြည်အတွင်း လုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို နိုင်ငံတကာက စစ်ဘက်ဆိုင်ရာဥပဒေတွေကို လိုက်နာပြီး အရပ်သားပစ်မှတ်တွေ ထိခိုက်မှုမရှိအောင် ရှောင်ရှားကြဖို့ တောင်းဆိုထားပါတယ်။
မေလ ၄ ရက်နေ့က စိုင်းစံလှနဲ့ လူငယ်တစ်ဦးစီးနင်းလာတဲ့ ကားကို စစ်ကောင်စီတပ်တွေက ချောဆွဲပြီး မူဆယ်မြို့ မော်တောင်းရွာအနီးမှာ TNLA တပ်က ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီးထိမှန်မှန် သေဆုံးခဲ့တာဖြစ်ပါတယ်။
မေလ ၅ ရက်နေ့ကလည်း ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU နဲ့ ရှမ်းလူငယ်ကွန်ရက် TYN တို့ကလည်း အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိအောင် အရပ်သားတွေကို ပစ်မှတ်တွေကိုရှောင်ရှားဖို့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်လိုက်နာကြဖို့တောင်းဆိုထားကြပါတယ်။