လက်ဘနွန်တောင်ပိုင်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု လူ ၅၀၀ နီးပါးပွဲချင်းပြီးသေ 

စက်တင်ဘာ ၂၄ ၊  အစ္စရေး 

Ref; CNN 

အာရှတိုက်ရဲ့ အနောက်ဘက် ဇာကမ်းမြောင်မြောက်ဘက်အခြမ်းက  လက်ဘနွန်နိုင်ငံ တောင်ပိုင်း နယ်စပ်ဖြတ်ကျော်ဒေသ ကဖာရူမန်ကျေးရွာမှာ စက်တင်ဘာလ ၂၃ ရက်နေ့က အစ္စရေးတွေရဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အနည်းဆုံး ၄၉၂ ဦး ပွဲချင်းပြီးသေဆုံးတယ်လို့ CNN သတင်းတစ်ရပ်က ဖော်ပြပါတယ်။ 

၎င်းဒေသမှ အဆောက်ဦးတွေက ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်တိုက်ပွဲကတည်းက လက်နက်ကိုင်တပ်ဖွဲ့များ တည်ဆောက်ထားတဲ့ အဆောက်ဦးများဖြစ်ပြီး ၎င်းတို့ကို ဖျက်ဆီးပစ်ဖို့ ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အစ္စရေးတွေက ဆိုပါတယ်။ ဆိုပါတယ်။

တနင်္လာနေ့က တိုက်ခိုက်မှုမှာ ဟစ်ဇ်ဘိုလာပစ်မှတ်ပေါင်း ၁၆၀၀ ကျော်ကို ထိမှန်အောင်တိုက်ခိုက်နိုင်ခဲ့တယ်လို့ အစ္စရေးဘက်က ထုတ်ပြန်ထားပါတယ်။

ဒီပစ်ခတ်မှုဟာ နှစ်ပေါင်း ၂၀ နီးပါးကာလအတွင်း နိုင်ငံတော်ရဲ့ လူအသေပျောက်အများဆုံးသော တိုက်ခိုက်ခံရမှုဖြစ်ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ၎င်းတိုက်ခိုက်ခံရတဲ့ (စက်တင်ဘာ ၂၃ ရက်)နေ့မှာပဲ ပြောကြားထားပါတယ်။

ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကတော့ လက်ဘနွန်ပြည်သူများကို ဟစ်ဇဘိုလာတပ်များက လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်းဆိုထားပါတယ်။

အစ္စရေးစစ်ပွဲက မင်းနဲ့မဆိုင်ဘူး၊ ဟစ်ဇ်ဘိုလာနဲ့ ပတ်သက်တယ်။ ဟစ်ဇ်ဘိုလာက မင်းကို လူသားဒိုင်းအဖြစ် အသုံးပြုနေတာ ကြာပါပြီ” လို့ နေတန်ယာဟုက လက်ဘနွန်ပြည်သူများထံ ဗီဒီယို short clip အတိုဖြင့် မိန်ခွန်းပြောဆို ပေးပို့ထားပါတယ်။

ဂါဇာဒေသတွင်း အစ္စရေးနှင့်ဟားမက်တို့ တစ်ကြော့ပြန်စစ်ပွဲ တစ်နှစ်နီးပါးကြာမြင့်လာချိန်မှာ အစ္စရေးတပ်တွေက အီရန်ကျောထောက်နောက်ခံပြုပေးထားတဲ့ ဟစ်ဇဘိုလာတပ်များနှင့်ပါ စစ်ပွဲများ စတင်လာခဲ့ပါတယ်။

အမေရိန်က မဟာမိတ်အစ္စရေးနှင့် အီရန်တို့ ထိတ်တိုက်တွေ့ဆုံလာမှာကို စိုးရိမ်မှုမြင့်နေပြီး အစ္စရေး-ဟစ်ဇဘိုလာ စစ်ပွဲရပ်တန့်ဖို့ အပြင်းထန်ပြင်ဆင်နေရတယ်လို့ CNN သတင်းက ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *