စက်တင်ဘာ ၂၄ ၊ လားရှိုး
ရှမ်းပြည်မြောက်ပိုင်းမြို့တော်လည်းဖြစ် ကိုးကန့်တပ် MNDAA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ပေါ်ကို စစ်ကောင်စီက စက်တင်ဘာလ ၂၄ ရက်နေ့ မနက်အစောပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
လားရှိူးမြို့ပေါ်ရှိ ရထိုက်ဟော်တည် နဲ့ ဖူလီလိုက်ဟော်တည် နှစ်ခုကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ မနက် ၄ နာရီ ၁၀ မိနစ် ကျော်လောက်မှာဖြစ်တယ်မီးတွေလောင်နေတာ ။ အဝိုင်းပတ် လမ်းသုံးခွဆုံနဲ့ သိပ်မဝေးဘူး” လို့ ဒေသခံတစ်ဦးက ယနေ့အမနက်အစောပိုင်းမှာ ပြောဆိုထားပါတယ်။
ဒေသတွင်း သတင်းတွေရဲ့ ထုတ်ပြန်မှုအရ ဟော်တည်နှစ်လုံးအပါအဝင် အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ ၁ ဦးသေဆုံးကာ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
လားရှိုးမြို့ပေါ်ကို စက်တင်ဘာလဆန်းကစလို့ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုတွေပြုလုပ်နေခဲ့ပြီး လားရှိုးမြို့ကို ငါးကြိမ်နီးပါး တိုက်ခိုက်မှုတွေပြုလုပ်ထားပြီလည်းဖြစ်ပါတယ်။