လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၈ ဦးသေဆုံးထား 

ဇန်နဝါရီ ၁၃ ၊ ဖားကန့် 

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာမှာ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦးသေဆုံးထားတယ်လို့ ဒေသခံတွေဆီကနေသိရှိရပါတယ်။ 

ဇန်နဝါရီလ ၁၃ ရက်နေ့ မနက် ၁၀ ခွဲကျော်အချိန်မှာ ဆန်ခါကျေးရွာ နှင့် မဆွပ်ယန်ကျေးရွာမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လမ်းသွားလမ်းလာနေတဲ့ အရပ်သား ၊ နေအိမ်တွင်းနေထိိုင်နေတဲ့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဖားကန့်မြို့နယ်အတွင်း မှာ တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ရှိခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှု ၁၀ ဦးထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *