လောင်းကစားပြုလုပ်နေသူတွေကိုအရေးယူမယ်လို့ဗန်းမောက်မြိုန့ယ်ပြည်သူ့အုပ်ချုပ်ရေးကထုတ်ပြန်ထားပေမယ့်  ဆက်လက်လုပ်ကိုင်နေဆဲ

ဗန်းမောက်မြို့အနီးဝန်းကျင်က ခြောက်ကောင်ဂျင် ( ကလုံးကလုံး) ဝိုင်းတစ်ခုကိုတွေ့ရစဉ် Photo/ShanNi Voice

 ဇွန် ၈ ၊ ဗန်းမောက်

လောင်းစကားပြုလုပ်နေသူတွေကို အရေးယူမယ်လို့ ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပေမယ့် ဆက်လက်လုပ်ကိုင်မှုတွေကရှိနေသလို အရေအတွက်တွေလည်း တိုးလာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

ပွင့်လင်းရာသီချိန်ကစပြီး ဒီနေ့ထိ လောင်းကစားဝိုင်းဖြစ်တဲ့ ၆ ကောင်ဂျင် ၊ ၄ ကောင်ဂျင် ၊ ထီအမျိုးမျိုး ၊ ကြက်ဝိုင်းတွေက သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပိုက်ဆံပေးပြီး နေ့စဉ်နဲ့အမျှ ပြုလုပ်နေတယ်လို့ လည်းဆိုပါတယ်။ 

“လောင်းကစားပြုလုပ်နေကြတဲ့သူတွေကို၊ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးကြေညာချက်တစ်စာစာင်ထုတ်ထားတာတော့လိုင်းပေါ်မှာတွေ့တယ်ဗျ၊အတိအကျထိထိရောက်ရောက်အရေးယူမယ်ဆိုကျွန်တော်တို့သဘောတူပါတယ်ဗျ၊သူတို့အဖွဲ့စာထုတ်ထားတာက၄ရက်နေ့နောက်ဆုံးထားပြီးမပြုလုပ်ရဘူးလို့ပြောထားတာဘဲ၊ဒါပေမယ့်အခုထိတော့လုပ်နေကြသေးတယ်၊ကျွန်တော်တို့ကတော့၊မရှိစေချင်တော့ဘူးပေါ့ဗျာ” လို့ အမည်မဖေါ်လိုသူမြို့ခံတစ်ဦးကပြောဆိုပါတယ်။ 

အလှူပွဲ​၊ ပွဲလမ်းသဘင်တွေကို အကြောင်းပြချက်ပြုပြီး လောင်းကစားဒိုင်တွေက ရုပ်ရှင်သရုပ်ဆောင်များ ၊ ဇာတ်ပွဲများကိုငှားရမ်းကာ လောင်းကစားဝိုင်းတွေထည့်သွင်း ပြုလုပ်နေတာလို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

တချို့လောင်းကစားဝိုင်းတွေက ကျေးရွာအတွင်း ၊ စာသင်ကျောင်းအနီးတွေမှာ ပြုလုပ်နေတာဖြစ်ပြီး ဗန်းမောက်မြို့ပေါ်နဲ့အနီးဝန်းကျင်မှာအနည်းဆုံး (၃) ခုထိရှိနေတာလည်းဖြစ်ပါတယ်။ 

ဗန်းမောက်မြို့ပေါ်နဲ့ ကျေးလက်ဒေသတချို့နေရာတွေမှာ ဒီနှစ်အတွင်း၌နေ့စဥ်နှင့်အမျှ တစ်ရက်လျှင်ဆိုင်ကယ်(၄) စီးမှ(၅) စီ းအထိအခိုးခံနေရပြီး ဓါးပြတိုက်ခံရမှု လေးကြိမ်၊ အိမ်ဖေါက် ရွှေငွေပစ္စည်းအခိုးခံရမှု (၃) ကြိမ်အထိရှိခဲ့ပြီဖြစ်ကြောင်း သတင်းမှတ်တမ်းတွေအရသိရပါတယ်။ 

ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်အသိပေးကြေညာချက်မှာ လောင်းကစားတွေကို ဇွန်လ ၄ ရက်နေ့က ပိတ်ပင်လိုက်ပြီး ပြင်းပြင်းထန်ထန်အရေးယူမယ်လို့လည်းပြောဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *