
မြန်မာနိုင်ငံ၏ သမိုင်းပညာရှင် အပြင် ရှမ်းသမိုင်းကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုင်းအောင်ထွန်းဟာ ၂ဝ၂ဝ ခုနှစ် စက်တင်ဘာ (၂၅) ရက်နေ့က ကွယ်လွန်သွားပြီဖြစ်ပါတယ်။
တစ်ချိန်က ဆရာကြီး ဦးစိုင်းအောင်ထွန်းနှင့် တွေ့ဆုံမိခဲ့တုန်းက ရှမ်းနီတိုင်းရင်းသားအရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ကို မေးမြန်းမိခဲ့ပါတယ်။ ထိုထဲမှာ တချို့သောစကားများကို ထုတ်နုတ်ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ တောင်းစရာမလိုဘူး ။ ကချင်ပြည်နယ်က ရှမ်းပဲ ။ ရှမ်းပြည်နယ်ပဲ ရှေးယခင်ကတည်းက ။ ခင်ဗျားသွားမေးကြည့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို သွားမေးကြည့်။ လူဦးရေပြစမ်းပါလို့။ ရှမ်းနဲ့ ကချင်နဲ့ ဘယ်ဟာပိုများလဲဆိုတာ။ လုပ်ယူတာမဟုတ်ဘူးနော်။မလုပ်ယူရဘူး။ တိတိကျကျမှန်မှန်နဲ့ သစ္စာရှိရှိ လုပ်။ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေကို သွားမေး။ မလိမ်ရဘူး ခင်ဗျားရှမ်းကို ဗမာမလုပ်ရဘူး။ ကချင်မလုပ် ရဘူး။ဘယ်တိုင်းရင်းသားများလဲ ကျွန်တော်မပြောဘူး .။ ခင်ဗျားသွားမေးကြည့်။ ဒါဟာအမှန်တရားပဲ အမှန်တရားက အမှန်တရားပဲ။ တောင်းဆိုတယ်မရ ။ ခင်ဗျားတို့ကျွန်တော်တို့က ။ တခြားလူမျိုးရသွားတယ် ဘာဖြစ် လဲအစက ကျွန်တော်တို့မလုပ်ခဲ့လို့။ မလုပ်သင့်ဘူးလား။ လုပ်သင့်သလားဆိုတာစဉ်းစားကြည့်ပေါ့။ ချက်ခြင်းတူးပြီးတော့ ချက်ခြင်းရေကြည်သောက်ကတော့မဖြစ်ဘူးဆိုတာ မှတ်ထား။ ကျွန်တော်တို့ဆန္ဒစောပြီးတော့ လက်သီးလက်မောင်းတန်းပြီးတော့ မလုပ်သင့်ဘူး။ မြန်မာပြည်လွတ်လပ်ရေးအတွက် အောက်မြန်မာပြည်မှာ နှစ် (၁ဝဝ) ၊ အထက်မြန်မာပြည် နှစ် (၆ဝ) ကျွန်တော်တို့ ရှမ်းတွေအပါအဝင်ပေါ့ ။ သူ့အချိန်ကျတော့ရတာပဲ။ ကျွန်တော်တို့တွေ ပညာတတ်ရမယ်။ အသိပညာရှိရမယ်။ တစ်နေ့ကျရင် သူများနဲ့ယှဉ်ရင် ခင်ဗျားတို့ပဲနိုင်မှာပေါ့။ ဒေါသလောဘနဲ့ သွားယှဉ်လို့မရဘူး။ ခင်ဗျားတို့ကို ကျွန်တော်တစ်ခုသတိပေးချင်တယ်။ အခုခင်ဗျားတို့အခွင့်အ ရေးရလာပြီ။ ဒီမိုကရေစီရလာပြီ ။ အခွင့်အရေးကို ခင်ဗျားတို့အသုံးချတတ်ရမယ်။ စကားပြောတတ်ရမယ်။ တောင်းဆိုတတ်ရမယ်။ စာရေးတတ်ရမယ်။ ကိုယ့်လူမျိုးတွေက တင်းပြည့်ကြပ်ပြည့်ဖြစ်လာရင် ဘာကြောက်စရာရှိလဲ ။ပိုတတ်တဲ့ကောင်က တက်သွားမှာပဲ။ အခါနားလည်ရမယ်။ ပရိယာယ်ကြွယ်ရမယ်။ ခင်ဗျားတို့အခု တောင်းလို့ ချက်ခြင်းမရနိုင်ဘူး။ ခင်ဗျားတို့ ကချင်ပြည်နယ်မှာ ကချင်တွေလက်နက်ကိုင်လို့ ခင်ဗျားတို့မကိုင် ဘူး။ တိုက်မလားပြောလို့ တိုက်ရင်သေမှာပေါ့။ စီးပွားရေးလည်းကောင်းတယ်။ ဘယ်သူမှမနိုင်စားဘူးဆိုတဲ့မူ ရှိရင် ဘယ်သူအုပ်ချုပ်အုပ်ချုပ်လက်ခံတယ်။ မမျှတဲ့ဟာတော့ လက်မခံဘူးဒါပဲ ။ ကိုယ့်လူတွေကို လေ့ကျင့်ပေး ပြီး ပြည့်ဝလာတဲ့တစ်နေ့ကျရင် တောင်းစရာမလိုဘူး သူရလာလိမ့်မယ်။ ခင်ဗျားတို့က အခွင့်အရေးရပြီအခုက လုပ်တတ်ရမယ်။ ကျွန်တော်တို့ရှမ်းတွေက ငတ်တယ်။ ဘာငတ်သလဲဆိုတော့ ထမင်းမငတ်ဘူး ။ ပိုက်ဆံမငတ် ဘူး။ ခေါင်းဆောင်ငတ်တယ်။ မိုက်ရှူးရဲခေါင်းဆောင်မရဘူး ။ ဦးနှောက်နဲ့ခေါင်းဆောင်မှ ရမှာ ။
ရှမ်းပြည်နယ်နဲ့ရှမ်းပြည်ပြင်ပကရှိတဲ့ရှမ်းတွေကိုစုစည်းလာအောင်ဘယ်လိုနည်းလမ်းတွေနဲ့ကြိုးစားရင် ရနိုင်မလည်းဆိုရင် အဲ့တာတွေအတွက်အစီအစဉ်တွေဆွဲပါ၊စိတ်တိုင်းကျအောင်ဆွဲပါ။ပြီးရင်လူတွေမွေး။အဲ့ဒီလူမွေးရတာအ ခက်ဆုံး။အတီးအမှုတ်တွေနဲ့ဆိုနေတာပဲစိတ်ဝင်စားတယ်။အဲတာကိုခင်ဗျားဘယ်လိုဖြိုမလဲ။စိတ်မလျှော့နဲ့ဘယ် နှစ်ရောင်ထွက်မလဲ။ခေါင်းဆောင်မမွေးထုတ်လို့မရတော့ဘူး။မွေးထုတ်ရမယ်။အရင်တုန်းကလိုအစဉ်အလာနဲ့မ ဟုတ်ဘူး။
ကျွန်တော်တို့ရှမ်းတွေစာများများသင်စာများများဖတ်၊စီးပွားရေးကောင်းကောင်းလုပ်ပါ။သူများလုပ်တတ်သလို လုပ်တတ်အောင်ကြိုးစားထား၊တစ်ခုတည်းဘယ်တော့မှမကြည့်နဲ့။နိုင်ငံရေးလုပ်တဲ့သူကလုပ်၊ပညာရေးလုပ်တဲ့ သူကလုပ်ပေါ့။စွယ်စုံမှပြည့်စုံမှာ။ခင်ဗျားတို့ဆီမှာပြည့်စုံတဲ့ခေါင်းဆောင်မရှိသေးဘူး။ပြောရင်မကောင်းဘူး။ငါတို့ ရှမ်းတွေရပ်တည်လာတာနှစ်ပေါင်း၄၀၀၀ရှိပြီအခုလိုဖြစ်နေတာအတိတ်မှာဘာမှားခဲ့သလဲဆိုတာပြန်ဆန်းစစ်ရ မယ်။မမှားခဲ့ရင်ဒီလိုမဖြစ်ဘူး။အမှားတွေအများကြီးလုပ်ခဲ့မိတယ်။အဲ့တာတွေကိုပြန်ဖြေရမယ်။အနာဖြစ်ခဲ့တာပြန် ဖြေရမယ်။၄၀၀၀မှားခဲ့တဲ့ဟာကိုလေးနှစ်နဲ့ဖြေရှင်းလို့မရဘူးကိုယ့်လူ။ငါကတော့ပြီးသွားပြီ။၂၀၀၈ခုနှစ်တုန်းကမှဒီ မိုကရေစီရတာငါတောင်နှစ်ပေါင်းများစွာစောင့်လာခဲ့ရတယ်။မင်းတို့လည်းရှမ်းနီပြည်သူသမ္မတနိုင်ငံအတွက်ဘယ် လောက်စောင့်ရမလဲဆိုတာတော့ငါလည်းမပြောတတ်ဘူး။ဒါပဲဒီလောက်ပဲပြောတော့မယ်။
( ရှမ်းနီခေတ်သတင်းဂျာနယ် အတွဲ(၁) အမှတ်( ၁ဝ) ၊ Dec 5, 2014)