ကမ္ဘာ့ရေနံထုတ်လုပ်သူများအဖွဲ့ကြီးမှ UAE နုတ်ထွက်ရတဲ့အကြောင်းက ဘာလဲ 

မေ ၁ ၊ အယ်ဂျားဇီးယား

ဆယ်စုနှစ်များစွာအဖွဲ့ဝင်အဖြစ်ရပ်တည်ပြီးနောက် အာရပ်စော်ဘွားများပြည်ထောင်စု UAE ဟာ “ အမျိုးသားအကျိုးစီးပွား” ကို အာရုံစိုက်ရတော့မှာဖြစ်တာကြောင့် ကမ္ဘာ့ရေနံထုတ်လုပ်သူများအသင်းကြီး OPEC ထဲကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 

ရေနံ စျေးနှုန်းတွေကို ထိန်းချုပ်ရေးနဲ့ စျေးကွက်တည်ငြိမ်ရေးအတွက် OPEC အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထုတ်လုပ်မှု ကန့်သတ်တဲ့ မူဝါဒတွေကြောင့် UAE  နုတ်ထွက်ဖို့ဆုံးဖြတ်ချတာဖြစ်ပေမယ့်လည်း နှစ်ပေါင်းများစွာကြာ ပွင့်ပွင့်လင်းလင်းမကျေနပ်မှုတွေထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ 

၂၀၂၇ ခုနှစ်တွင် ရေနံထုတ်လုပ်မှုစွမ်းရည်ကို တစ်နေ့ကို ရေနံစိမ်းစည်ပေါင်း ၃ သန်းမှ ၅ သန်းအထိ တိုးမြှင့်ဖို့အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ခဲ့တဲ့ အမေရိကန်-အစ္စရေး အီရန်စစ်ပွဲကြောင့် ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝှမ်းမှာ စွမ်းအင်အကျပ်အတည်း ရင်ဆိုင်နေရချိန် အခုလိုနှုတ်ထွက်မှုတွေ ပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။

ကမ္ဘာ့ရေနံနဲ့ အရည်ပျော်သဘာဝဓာတ်ငွေ့ (LNG) ထောက်ပံ့မှုရဲ့  ၂၀ ရာခိုင်နှုန်းကို ပင်လယ်ကွေ့ထုတ်လုပ်သူများထံမှ တင်ပို့တဲ့ ဟော်မုဇ်ရေလက်ကြားအတွင်း ဝင်ရောက်ခွင့်အများစုကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။

စစ်ပွဲမစတင်မီက UAE ရဲ့ ထုတ်လုပ်မှုစွမ်းရည်ဟာ တစ်နေ့ကို ရေနံစည်ပေါင်း ၄.၈ သန်းအထိ တိုးတက်လာခဲ့ပေမယ့်   OPEC သဘောတူညီချက်အရ တစ်နေ့ကို စည်ပေါင်း ၃.၂ သန်းသာ ထုတ်လုပ်ခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရေနံစိမ်းနဲ့ သန့်စင်ပြီးလောင်စာတွေကို  တစ်ရက်စည်ပေါင်း ၁.၇ သန်း တင်ပို့ခဲ့တာပါ။ 

UAE ဟာ ရေနံတချို့ကို အိုမန်ပင်လယ်ကွေ့မှာရှိတဲ့ ဖူဂျာရက် ဆိပ်ကမ်းမှတဆင့် ရောင်းချနိုင်ခဲ့ပြီး ပိတ်ထားတဲ့ ဟော်မုခ်ရေလက်ကြားကို ရှောင်ကွင်းနိုင်ခဲ့တာပါ။

သင်္ဘောအသွားအလာဟာ စစ်မဖြစ်မီအဆင့်ကို ပြန်ရောက်သွားပါက ယူအေအီးဟာ ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ၁.၅ ရာခိုင်နှုန်းခန့်နဲ့ညီမျှတဲ့  တစ်နေ့ကို ရေနံစည်ပေါင်း ၁.၆ သန်း အပိုထုတ်လုပ်မှုဖြင့် ဈေးကွက်ကို လွှမ်းမိုးနိုင်ဖွယ်ရှိပြီး ကမ္ဘာ့စွမ်းအင်ဈေးကွက်တွင် အားသာချက်များစွာရရှိစေရန် လုံလောက်ကြောင်း ကျွမ်းကျင်သူများက ပြောကြားထားပါတယ်။ 

အတွေးအခေါ်အဖွဲ့ Ember Future မှ စွမ်းအင်ဗျူဟာမှူး Kingsmill Bond က ယူအေအီးရဲ့ အခုလို နုတ်ထွက်ဖို့  လှုပ်ရှားမှုဟာ လိမ္မာပါးနပ်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ဆိုထားပါတယ်။ 

အိုပက် (OPEC) ခေါ် ရေနံတင်ပို့သော နိုင်ငံများ အသင်း Organization of the Petroleum Exporting Countriesဟာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သလို ၁၉၆၅ မှာ ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် နိုင်ငံ ၁၂ နိုင်ငံပါဝင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *