သမ္မတရွေးချယ်ရေးအဖွဲ့ မဲပေးပြီးရွေးချယ်လျှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်လုပ်နိုင်လို့ဆို 

ဒီဇင်ဘာ ၁၅၊ ရန်ကုန်

သမ္မတ ရွေးချယ်ရေးအဖွဲ့က မဲပေးမယ်ဆိုရင် စစ်ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သမ္မတ ဖြစ်လာနိုင်တဲ့အကြောင်း မနေ့ကပြုလုပ်တဲ့  ကျားဖြန့်အရေးသတင်းစာ ရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပြောဆိုလာပါတယ်။

“ လွှတ်တော်က ရွေးကောက်တင်မြှောက်လိုက်သောကိုယ်စားလှယ်များက မဲပေးရွေးချယ်လျှင် သမ္မတ မလုပ်ဖူးဟူ၍လည်း ငြင်းမရကြောင်း” သူကပြောပါတယ်။

ရွေးကောက်ပွဲကို အခု ဒီဇင်ဘာလကုန်မှစတင်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလကုန်အထိ အပိုင်းလိုက်ခွဲပြီးကျင်းပသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ 

ဒီရွေးကောက်ပွဲတွေပြီးတဲ့နောက် မတ်လအတွင်းမှာ အစိုးရတွေအပြောင်းအလဲဖြစ်ပေါ်လာလိမ့်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုထားပါတယ်။ 

သမ္မတရွေးချယ်မှုတွေမှုတွေဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အဆင့်ဆင့်သာရွေးချယ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

“ သမ္မတရွေးချယ်ရေးအဖွဲ့ကနေ ရွေးချယ်လိုက်ပြီးတော့မှ သူကအဆင့် ဆင့် မဲပေးရွေး ချယ်ရတာဖြစ်တယ်။ မဲပေးပြီး ဖြစ်လာရင်တော့လည်း သမ္မတ လုပ်နိုင်ပါတယ်။ ဥပဒေအရ အကျုံးဝင်ရင် လုပ်နိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့အညီပဲ ဖြစ်ပါလိမ့်မယ်” လို့ သူကဆိုပါတယ်။ 

ဝေဖန်မှုတွေမြင့်တက်နေတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာထက်မြန်မာနိုင်ငံသားတွေအတွက်သာ ပြုလုပ်ခြင်းဖြစ်တာကြောင့်  နိုင်ငံတကာပြောဆိုမှုတွေကို အရေးစိုက်မှာမဟုတ်ကြောင်း ပြောဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *