သမ္မတဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီကထောင်ဒဏ်၄နှစ်ချပြီးနေ့ချင်း (၂) နှစ်ထပ်မံပြန်လျှော့

Photo Credit – NLD Party official Facebook Page

ဒီဇင်ဘာ ၆ ၊ နေပြည်တော် 

သမ္မတ ဦးဝင်းမြင့် နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို  ဒီကနေ့ တရားစွဲဆိုထားတဲ့ ပုဒ်မ (၂) ခုနဲ့ ထောင်ဒဏ် (၄) နှစ်စီချခဲ့ပြီးနောက် ဒီနေ့ညမှာပဲ (၂) နှစ်ပြန်လျှော့လိုက်ကြောင်း စစ်ကောင်စီရဲ့ မီဒီယာတွေက ကြေညာခဲ့ပါတယ်။ 

ထို့ပြင် ထောင်ဒဏ်နှစ်နှစ်ကိုလည်း လက်ရှိ ထိန်းသိမ်းထားတဲ့ နေရာမှာပဲ ဆက်လက်ကျခံရမယ်လို့လည်း ပြောဆိုထားပါတယ်။ 

၎င်းတို့နှစ်ဦးကို  ပုဒ်မ ၅၀၅(ခ) အမှုအတွက် ထောင်ဒဏ်( ၂ ) နှစ် နှစ်    သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ -၂၅  အတွက်  ထောင်ဒဏ် (၂)  နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်စီချမှတ်ခဲ့ခြင်းဖြစ်သည်။ 

သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးကို  ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က မဲဆွယ်စည်းရုံးရေး Car Campaing မှာ လက်ပြနှုတ်ဆက်မှုက  Covid19 စည်းကမ်းတွေကို ချိုးဖောက်ကြောင်း စွပ်စွဲပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ နဲ့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

နောက်ထပ်ပုဒ်မတစ်ခုမှုဖြစ်သည့် ပုဒ်မ ၅၀၅(ခ) က အာဏာသိမ်းပြီး ၇ ရက်အကြာတွင် NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ကြေညာချက်အမှတ် ၆/၂၀၂၁ ပါ အကြောင်းအရာတွေက နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  ဒေါ်အောင်ဆန်းစုကြည် ၊​ သမ္မတ ဦးဝင်းမြင် နှင့် ဒေါက်တာမျိုးအောင် တို့ကို စစ်ကောင်စီက တရားစွဲဆိုခဲ့တာလည်းဖြစ်သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *