သမ္မတဦးဝင်းမြင့်၊ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံးတောင်းဆို 

ဇူလိုင်၂၈ 

သမ္မတ ဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဇူလိုင်လ ၂၇ ရက်နေ့မှာ  တရုတ်နဲ့ ရုရှား အပါအဝင်  ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက  ထပ်မံတောင်းဆိုလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ 

စစ်ကောင်စီရဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ (၄) ဦးကို ကွက်မျက်ခဲ့မှုကိုလည်း ရှုတ်ချတယ်လို့ ဆိုပါတယ်။ 

နိုင်ငံတကာရဲ့ ရှုတ်ချပစ်တင်မှုကိုလည်း တစ်ဖက်သတ်ထုတ်ပြန်ချက်လို့ဆိုပြီး ပယ်ချကြောင်း ဇူလိုင်လ ၂၆  ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ကုလလုံခြုံရေးအဖွဲ့ဝင် ၁၅ ဦးစလုံးက အတည်ပြုတဲ့  ကြေညာချက်မှာ    “မြန်မာနိုင်ငံ ပြည်သူများ၏ ဆန္ဒနှင့်အညီ အမျိုးသားပြန်လည်သင့်မြတ်ရေး” ကို တောင်းဆိုခဲ့ပြီး အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်ဖို့  ၊ လူ့အခွင့်အရေးကို လေးစားလိုက်နာကြဖို့နဲ့  လူသားချင်းစာနာမှု အကူအညီများ အပြည့်အဝရရှိရေးတို့ကို တောင်းဆိုလိုက်ပါတယ်။ 

လက်ရှိမှာအာဆီယံက သဘောတူညီထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ထောက်ခံ တယ်လို့ဆိုပြီး မြန်မာ့အရေးကို  အာဆီယံနဲ့ ကုလသမဂ္ဂအထူးကိုယ်စား လှယ်တို့မြန်မာ့ အရေးကိုပူးပေါင်းလုပ်ဆောင်ကြဖို့ လည်းအရေးကြီးကြောင်း လုံခြုံရေးကောင်စီရဲ့ ကြေငြာချက်မှာဖေါ်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *