ဟိုပင်မြို့နန့်ရင်းချောင်းတိုက်ပွဲအတွင်း  PDF ငါးဦးကျ

မတ် ၂၁ ၊ ဟိုပင် 

ဟိုပင်မြို့မှာ မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက နန့်ရင်းချောင်းအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်းမှာ PDF. ငါးဦးကျဆုံးသလို စစ်ကောင်စီဘက်ကလည်း အကျအဆုံးတွေရှိခဲ့ပါတယ်။ 

တိုက်ပွဲထဲမှာ ကျဆုံးတဲ့ မြန်မာ့မီးရထား တိုင်း(၁) ဒုရုံပိုင် ကိုသီဟကိုကိုလည်းပါဝင်ပြီး သူက မြန်မာ့မီးရထား CDM ပြုလုပ်ရာမှာ ပါဝင်ခဲ့သူလည်းဖြစ်တယ်လို့ဆိုပါတယ်။ 

ကိုသီဟကိုကိုက  မိုးညှင်းမြို့နယ်  မော်ဟန်နှင့် မိုးညှင်းဘူတာအကြားရှိ ကာဒူဘူတာတွင် ဒုရုံပိုင်အဖြစ် တာဝန်ထမ်းဆောင်သူဖြစ်ပြီး  CDM ပြုလုပ်ကာ ပြည်သူ့ကာကွယ်တပ်ဖွဲ့သို့ ဝင်ရောက်ကာ တာဝန်ထမ်းခဲ့သူလည်းဖြစ်ပါတယ်။​

နောက်ထပ်ကျဆုံးသူတွေရဲ့ အမည်နဲ့ အလုပ်အကိုင်တွေကိုတော့ မသိရှိရသေးပါဘူး ။ 

ဟိုပင်မြို့တိုက်ပွဲပြီးတဲ့နောက်မှာ ဟိုပင်နန့်ရင်းချောင်းအရှေ့ဘက်ခြမ်းတွေမှာ PDF တွေက မိုင်းထားပြီး တောင်ယာလုပ်ကိုင်သူတွေမလာဖို့ မနေ့က သတိပေးစာထုတ်ပြန်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *