ဩဂုတ် ၁၅ ၊ ဟိုပင်
မိုးညှင်းမြို့နယ် ဟိုပင်မြို့ရဲ့ 2020 အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ပြည်နယ်လွတ်တော်အမတ် ကိုမျိုးကျော်နဲ့ ဖားကန့်မြို့နယ်က တက်ကြွလှုပ်ရှားသူ ကိုစိုင်းမောင်တို့ နှစ်ဦး မြစ်ကြီးနား 21 မိုင်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့ကနေ ဩဂုတ်လ ၁၄ ရက်နေ့မှာ ကိုယ်ပိုင်ကားနဲ့ထွက်လာပြီး မြစ်ကြီးနား ၂၁ မိုင်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ အကြောင်းအရင်းကလည်း NUG ရဲ့ ငွေတိုက်စာချုပ် Bond ရောင်းထားတဲ့ စာရွက်စာတမ်းတွေ့ရှိတဲ့အကြောင်းပြချက်ကြောင့်လို့ ပြောဆိုကြပါတယ်။
ဖမ်းဆီးခံရတဲ့ သူတို့နှစ်ဦးက မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဆီကိုခေါ်ဆောင်သွားပြီး အခြေအနေကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
မိုးညှင်းမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စား ဒေါ်သက်ထောင်းနှောင်းကိုလည်း 2021 ခုနှစ်မှာ နန်းမားမြို့နေအိမ်တစ်ခုအတွင်း စစ်ကောင်စီကဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုကာ ထောင်ဒဏ် တစ်နှစ်ချမှတ်ထားပါတယ်။