ဟိုပင်မြို့မှာစစ်ကောင်စီတပ်တွေသေနတ်ပစ်ခတ်ခြောက်လှန့် 

မတ် -၂ ၊ ဟိုပင် 

မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ မတ်လ(၁)ရက်နေ့ ညသန်းခေါင်အချိန်မှာ  စစ်ကောင်စီတပ်တွေက သေနတ်ပစ်ခတ်ခြောက်လှန့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“ အသံက ကျယ်တယ် ၊ တော်တော်ကိုကျယ်တယ်။ ကြားမိတာကတော့ မြို့ကိုပတ်ပြီးတော့ ပစ်တယ်လို့ကြားတယ်။ နန့်ရင်းဘက်မှာလည်းပစ်တယ်။ ဘယ်အချိန်လောက်ငြိမ်သွားတာလဲဆိုတော့  ၁၁ ခွဲ ၁၂ လောက်ထင်တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

မနေ့က ဟိုပင် PDF တွေအနေနဲ့လည်း လှုပ်ရှားမှုတစ်စုံတစ်ရာမရှိကြောင်းသိရပါတယ်။ 

ဒီလိုပစ်ခတ်မှုတွေကြောင့် ဘာအတွက်ကြောင့်ဆိုတာသေချာမသိရပဲ မြို့ပတ်ပြီးတော့ ပစ်ခတ်တာဖြစ်ပြီး ည(၁၂) ဝန်းကျင်မှာ အသံတိတ်ဆိတ်သွားကြောင်းသိရပါတယ်။ 

စစ်ကောင်စီတပ်တွေက ဒီလိုပစ်ခတ်မှုတွေမကြာခဏပြုလုပ်ပေမယ့်လည်း မနေ့က ပစ်ခတ်မှုက အသံပိုကျယ်ပြီး အချက်ရေပိုများတယ်လို့ဆိုပါတယ်။​

ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိခဲ့ဖူးပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *