ဟိုပင်မြို့မှာပျူစောထီးခေါင်းဆောင်လို့နာမည်ထွက်နေသူလုပ်ကြံခံရ

 

မတ် ၁၆ ၊ ဟိုပင် 

ဟိုပင်မြို့မှာ ဒီနေ့မနက်ပိုင်းမှာ ပျူစောထီးခေါင်းဆောင်လို့ နာမည်ထွက်နေသူ ဦးအောင်မျိုးသန့်ကို လူတစ်စု လာရောက်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။ 

ဟိုပင်မြို့ ရွှေညီကိုမော်တော်ယာဉ်အနီးမှာ ပစ်ခတ်မှုဖြစ်ပွားရာမှာ ဦးအောင်မျိုးသန့်က သူရဲ့ကားမှာ သေနတ်ဒဏ်ရာနဲ့သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုတွေအရသိရပါတယ်။ 

“ အချက်ပေါင်းများစွာကြားရတယ်။ ကြားရပြီးတော့ ကားစုတ်ပြတ်သတ်နေတာတွေ့ရတယ်။ ကျန်တော်သိတာအဲ့လောက်ပဲ”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ 

သူက တပ်မတော်အငြိမ်းစားတစ်ဦးဖြစ်ပြီးတော့  ၂၀၂၀ ရွေးကောက်ပွဲမှာလည်းဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။ 

ဟိုပင်မြို့မှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ထူးထိုက်စံလက်ဖက်ရည်ဆိုင် အတွင်းကို သေနတ်သမားများက လာရောက်ပစ်ခတ်မှုကြောင့် (၆) ဦးသေဆုံးပြီး (၇) ဦး ဒဏ်ရာရရှိခဲ့ဖူးပါတယ်။ 

အဲဒီဖြစ်စဉ်မှာ ပျူစောထီးတွေရဲ့လက်ချက်လို့ပြောဆိုမှုတွေရှိခဲ့ပေမယ့် အတည်ပြုနိုင်ခြင်းတော့မရှိခဲ့ပါဘူး။ 

ဟိုပင်မြို့မှာ KIA ၊   ဒေသခံကာကွယ်ရေးတပ်တွေ နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကလည်းမကြာခဏဖြစ်ပွားနေပါတယ်။​

Leave a Reply

Your email address will not be published. Required fields are marked *