ဟုမ္မလင်းမြို့ကရဲမေတစ်ဦး CDM မှာပါဝင်လာ

ဟုမ္မလင်းမြို့နယ်က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ဦးစီး-၁ ဌာနစိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုယ်ပိုင်အမှတ် လ ၁၆၈၄၉၅ ငကင်း က ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စပြီး Civil Disobedience Movement ( CDM) မှာပါဝင်လာကြောင်း သိရပါတယ်။ 

အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီအောက်မှာ နေ့စဉ်ရက်ဆက် စိတ်မချမ်းသာသလို လူထုအလိုမရှိတဲ့ စစ်ကောင်စီလက်အောက်မှာ 

တာဝန်ထမ်းဆောင်းလိုခြင်းမရှိတာကြောင့် ဒီမိုကရေစီအစိုးရ မတက်မချင်း CDM ပြုလုပ်သွားမယ်လို့ ပြောဆိုထားပါတယ်။ 

ဒီလိုCDM ပြုလုပ်တာဟာ ရဲတပ်ဖွဲ့ကနေ နှုတ်ထွက်တာမဟုတ်သလို ၊ ခွင့်မဲ့ နဲ့ ရဲပြေးလည်းမဟုတ်ကြောင်း ၊ ရဲတပ်ဖွဲ့ပစ္စည်းတစ်စုံတစ်ရာမှ မယူသွားတဲ့အကြောင်း သူကိုယ်တိုင်ရေးသားထားပါတယ်။ 

အာဏာသိမ်းပြီးနောက် ဟုမ္မလင်းမြို့နယ်က ရဲတပ်ဖွဲ့ဝင် အနည်းဆုံး (၅) ဦးက CDM မှာပါဝင်လာခဲ့ကြတာလည်းဖြစ်ပါတယ်။ 

ဟုမ္မလင်းမြို့မှာ အာဏာသိမ်းပြီးတဲ့နောက် ဌာနဆိုင်ရာအသီးသီးက CDM ပြုလုပ်ကြပြီး ကျန်းမာရေး ၊ ပညာရေး ဌာနတွေက အများဆုံးဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *