ဟုမ္မလင်းမြို့နယ်ကို Stay at Home မြို့နယ်အဖြစ် သတ်မှတ်

Photo – ဟုမ္မလင်းမြို့တွင် ကွယ်လွန်သွားသည့် Covid19 အတည်ပြုလူနာ / Credit- အရှင်ပညာဇောတ ဟုမ္မလင်း

ဇူလိုင် ၂ ၊ ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် Covid19 ‌ရောဂါပိုးအတည်ပြုလူနာ (၂၆၅) ဦးထိရှိလာခဲ့ပြီးနောက် Stay at Home မြို့နယ်အဖြစ် ယနေ့ ညပိုင်းတွင် သတ်မှတ်ကြေညာခဲ့သည်။

ဟုမ္မလင်းမြို့သည် ဇွန်လတစ်လအတွင်း ကူးစက်လူနာ (၂၂၃) ဦးထိရှိလာခဲ့ခြင်းဖြစ်သည်။ ရောဂါပိုးအတည်ပြုလူနာများထဲမှ ယနေ့ ညနေပိုင်းက ရောဂါအခံဖြင့် တစ်ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း စေတနာ့ဝန်ထမ်းများထံမှသိရသည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကူးစက်မှုမြင့်သည့် ရပ်ကွက်များကို lockdown ပုံစံဖြင့် ဇွန်လ ၂၈ ရက်နေ့ကတည်းက သတ်မှတ်ထားခဲ့သည်။

မြန်မာနိုင်ငံတွင် Covid19 ရောဂါပိုးကူးစက် ယခုရက်ပိုင်းအတွင်း ပိုမိုမြင့်တက်နေပြီး Stay at Home အစီအစဉ်သတ်မှတ်ထားသည့် မြို့ (၂၃) မြို့ရှိနေပြီ ဖြစ်သည်။

ဟုမ္မလင်းမြို့နယ်ရှိ စာသင်ကျောင်း တချို့ရှိ ဆရာမ နှင့် ကျောင်းသားတချို့ Covid19 ကူးစက်ခံထားရ (shannivoice.com)

Leave a Reply

Your email address will not be published. Required fields are marked *