ဟုမ္မလင်းမြို့နယ်မှာ နာဂနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ဘောလုံးပွဲကျင်းပ 

ဇန်နဝါရီ ၁၃ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီက  နာဂ နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အဖြစ် ဘောလုံးပွဲကျင်းပနေပါတယ်။

ချစ်ကြည်ရေးဘောလုံးပွဲမှာ နာဂလက်နက်ကိုင်တပ်ဖွဲ့  နာဂအမျိုးသားဆိုရှ်ယလစ်ကောင်စီ- အိုက်ဇက်/ဗွီးမား(NSCN-IM) ၊  ရှမ်းနီအမျိုးသားများတပ်မတော် (SNA)  ကိုယ်စားပြုအသင်းတွေအပြင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ နာဂစာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ အသင်းတို့ယှဉ်ပြိုင်ကြတာဖြစ်တယ်လို့သိရပါတယ်။ 

ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စတင်ယှဉ်ပြိုင်ကြတာဖြစ်ပြီး ဒီနေ့ မှာ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ 

လာမည့် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ နာဂတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးနေ့လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *