ဟုမ္မလင်းမြို့မှာ Covid19 ရောဂါပိုးကူးစက်သူရှိလာ

ဟုမ္မလင်းမြို့ ၂၀၂၁ ခုနှစ် ကိုဗစ်ရောဂါပိုး စစ်ဆေးနေစဉ်

စက်တင်ဘာ ၁၇ ၊ ဟုမ္မလင်း 

လနဲ့ချီကြာ ကိုဗစ်ရောဂါပိုးကူးစက်မှု မရှိခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ ဒီရက်ပိုင်း ကိုဗစ်ကူးစက်သူရှိလာတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။ 

စက်တင်ဘာ ၁၆ ရက်နေ့ည ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်ကူးစက်မှု အခြေအနေတွအရ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ ဟုမ္မလင်း မြို့မှာ တစ်ဦး ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာ ၁၀ ဦး နဲ့ တမူးမြို့မှာ ၁ ဦး စစ်ဆေးတွေ့ရှိတယ်လို့ သိရပါတယ်။ 

ကူးစက်သူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကိုတော့ မသိရှိရသေးပါဘူး။ 

ဟုမ္မလင်းမြို့မှာ ကိုဗစ်ကူးစက်သူ ၂၀၂၀ ခုနှစ်မှ လက်ရှိအထိ Covid19 ကူးစက်သူ  စုစုပေါင်း ၁၇၉၀ ကျော်ရှိပြီး သေဆုံးသူ တစ်ရာနီးပါးရှိထားတာလည်းဖြစ်ပါတယ်။ 

မြန်မာမှာ စက်တင်ဘာလထဲမှာ ကိုဗစ်ကူးစက်မှုတွေက လဝက်အတွင်း ထောင့်ငါးရာကျော်အထိကူးစက်ထားပြီး သေဆုံးသူတွေလည်းရှိလာနေပါတယ်။ 

စစ်ကောင်စီက ကိုဗစ်ရောဂါပိုး ကူးစက်သူအများစုက ကာကွယ်ဆေးထိုးထားခြင်းမရှိသူတွေဖြစ်ပြီး ကာကွယ်ဆေးထိုးနှံဖို့ နဲ့ ထိုးနိုင်မယ့်နေရာတွေကို ထပ်မံတိုးချဲ့သွားမယ်လို့ ဆိုထားပါတယ်။ 

ကူးစက်မှုတွေကို ထိန်းချုပ်ကာကွယ်ဖို့အတွက် MAsk ကမ်ပိန်းများနှင့် ကိုဗစ် 19 တားဆီးကာကွယ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့ စစ်ကောင်စီ ကျန်းမာရေးဌာနဘက်က ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *