ဟုမ္မလင်းလေဆိပ်အနီးတွင်အမျိုးသားတစ်ဦးထံမှကျည်ခွံတစ်ခုတွေ့ရှိသောကြောင့်ဖမ်းဆီးခံရ 

ဇူလိုင် ၄ ၊ ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ဟုမ္မလင်းလေဆိပ်အနီး ဟုမ္မလင်း -ခေါင်ခမ်းသွားလမ်းပေါ်တွင်  အမျိုးသားတစ်ဦးထံမှ ကျည်ခွံတစ်ခု စစ်ဆေးတွေ့ရှိသောကြောင့် ၎င်းကို ဖမ်းဆီးထားပြီဖြစ်သည်ဟု စစ်ကောင်စီရဲ့ သတင်းတွေအရ သိရပါတယ်။

စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့များက ဇူလိုင်လ ၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် လေဆိပ်အနီး စစ်ဆေးမှုများပြုလုပ်နေစဉ် မန္တလေးမြို့သို့ ထွက်ခွာမည့် လေယာဉ်တွင် လိုက်ပါစီးနှင်းမည့် လင်းလင်းအောင်(ခ)အဲလင်းအောင်ထံမှ ကျည်ခွံကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

၎င်း၏ လက်ကိုင်အိတ်အတွင်းတွင် ၅.၅၆ကျည်အမျိုးအစား ကျည်ခွံကို ထည့်ယူသယ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

  ကိုလင်းလင်းအောင်ကို တရားမဝင်ခဲယမ်း ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားဥပဒေနှင့်အညီ အရေးယူမှုတွေပြုလုပ်သွားမှာ ဖြစ်သည်ဟု ပြောဆိုထားပါတယ်။ 

  စစ်ကောင်စီတပ်ဖွဲ့တွေက ၎င်းကို လက်နက်ဥပဒေဖြင့် အရေးယူနိုင်ဖွယ်ရာရှိနေပြီး ထောင်ဒဏ်ခြောက်လမှ အများဆုံး သုံးနှစ်အထိ ချမှတ်နိုင်တာလည်း ဖြစ်ပါတယ်။   

   ဇွန်လ၂၅ ရက်နေ့တွင်လည်း ဟုမ္မလင်းလေဆိပ်အနီးမှာပင် ၅.၅၆ကျည်အမျိုးအစား ကျည်တစ်ထောင့်ကို အိတ်ကပ်ထဲ ထည့်ဆောင်လာသော လူငယ်တစ်ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *